DVB Logo
Home
မြန်မာသတင်း
င၀န်မြစ်အတွင်း စက်လှေတိုက်မှု သေဆုံးသူအရေတွက် တိုးလာ (ရုပ်သံ)
DVB
·
April 9, 2017
င၀န်မြစ်အတွင်း စက်လှေတိုက်မှု သေဆုံးသူအရေတွက် တိုးလာ (ရုပ်သံ)
Donate to DVB


ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကျောက်တင် သင်္ဘောနဲ့ စက်လှေတိုက်မှုမှာ သေဆုံးသူအရေအတွက် ထပ်မံတိုးပွားလာနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၀ ဦး ထိရှိလာပါတယ်။

ဧပြီ ၇ ရက်နေ့မှာ ကနဦး ထုတ်ပြန်ချက်အရ သေဆုံးသူ ၂၀ ဦးရှိရာကနေ ၈ ရက်နေ့ ညနေပိုင်းမှာ ရုပ်အလောင်း ၁ လောင်းနဲ့ ၉ ရက်နေ့မနက်ပိုင်းမှာ ရုပ်အလောင်း ၉ လောင်း ထပ်မံတွေ့ရှိတဲ့အတွက် ၉ ရက်နေ့ နံနက် ၁၂ နာရီအထိ အယောက် ၃၀ အထိရှိလာပါတယ်။

စာရင်းအရတော့ ပျောက်ဆုံးသူ အရေအတွက်ပြည့်ပြီလို့ဆိုပါတယ်။ မနေ့ကတော့ ရုပ်အလောင်း ၁၉ လောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး တစ်လောင်းကိုတော့ နေရပ်ပြန်သယ်ခဲ့ပါတယ်။

ရေယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး စက်လှေမောင်းနဲ့ ကျောက်သယ်သင်္ဘာမာလိန်တို့ကို အမှုဖွင့်လှစ်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စုံစမ်းစစ်ဆေးရးကော်မတီဖွဲ့ပြီး စစ်ဆေးနေပါတယ်။

သတင်းနှင့်ရုပ်သံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013