DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်ကမ်းခြေတွင် ပေ ၄၀ အရှည်ရှိ ဝေလငါးကြီး သောင်တင် (ရုပ်သံ)
DVB
·
April 9, 2017
ဂွမြို့နယ်ကမ်းခြေတွင် ပေ ၄၀ အရှည်ရှိ ဝေလငါးကြီး သောင်တင် (ရုပ်သံ)
Donate to DVB


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ စေတီကွင်းကျေးရွာအုပ်စု၊ ကျောက်ခေါင်းကျေးရွာ ပင်လယ်လိပ်ထိန်းသိမ်းရေး ကမ်းခြေမှာ ပေ ၄၀ အရှည်ရှိတဲ့ ဝေလငါးတကောင် သေဆုံးသောင်တင် ခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီက အဲ့ဒီဝေလငါးကို ကမ်းခြေမှာ သေဆုံးလျှက်သောင်တင်နေတာ တွေ့ရှိခဲ့တာလို့ ရခိုင့် ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးအသင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုနိုင်ထူးက ဒီဗွီဘီကိုပြောပါတယ်။

“ဒီမနက် ၁၀ နာရီလောက်မှာတွေ့တာပါ။ ကြည့်ရတာ မနေ့ ကတည်းက သောင်တင်နေတာဖြစ်လိမ့်မယ်။ ခန့်မှန်းတာ သေဆုံးနေတာ တပတ်လောက်ရှိပြီးထင်တယ်။ အသားတွေပုပ်ပွနေပြီ။ ဝေလငါးအရှည်က ပေ ၄၀ ကျော်လောက်ရှိတယ်။ လုံးပတ်ကတော့ ကျနော်တိုင်းတာဖို့ဆိုတာ မလွယ်ဘူး။ အမြင့်အားကတော့ ၅ ပေကျော်ကျော်လောက်ရှိတယ်။ ကျနော်အရပ်လောက်ရှိတယ်ဗျ။ အရမ်းကြီးတယ်ဗျ။”

လက်ရှိမှာတော့ တွေ့ရှိခဲ့တဲ့ ဝေလငါးကို ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနာမှ တာဝန်ရှိသူတွေလာရောက်ရှိကြည့်ရှုခဲ့ မှတ်တမ်းတွေယူပြီး သေဆုံးဝေလငါးအရိုးတွေကို ပြတိုက်တခုအတွင်း ထိန်းသိမ်းသွားမယ်လို့ ကိုနိုင်ထူး ကပြောပါတယ်။

ရခိုင့် ကမ်းရိုးတန်းဒေသ သာဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်ကတော့ တရားမဝင်ငါးဖမ်းသဘောင်္တချို့ဟာ တရားမဝင်ဖြစ်တဲ့ မိုင်းခွဲငါးရှာတာတွေ၊ ဆေးချတာတွေရှိတာကြောင့် ငါးမျိုးစိတ်အချို့သေဆုံးနေရတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

မကြာသေခင်ကလည်း အဲ့ဒီနေရာမှာ ဝေလငါးတကောင် သေဆုံး သောင်တင်ခဲ့ပါသေးတယ်။

သတင်း၊ ဝဏ္ဏခွာညို- ရိုက်ကူး- CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013