DVB Logo
Home
မြန်မာသတင်း
သထုံသခရိုင်အတွင်း ကျေးရွာ ၁၃ ရွာ ရေပြတ်လပ်မှုဖြင့် ကြုံတွေ့နေရ
DVB
·
April 8, 2017
သထုံသခရိုင်အတွင်း ကျေးရွာ ၁၃ ရွာ ရေပြတ်လပ်မှုဖြင့် ကြုံတွေ့နေရ
1 / 7
Donate to DVB

သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တွေက ကျေးရွာ ၁၃ ရွာမှာ ရေ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရလို့ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့တွေ သွားရောက် ရေပေးဝေနေကြပါတယ်။

အခုနှစ် ဧပြီလဆန်းပိုင်းအထိ သောက်သုံးရေလိုအပ်နေတဲ့ ကျေးရွာ ၁၃ ရွာကတော့ ကျိုက်ထိုမြို့နယ်မှာ ၁ ရွာ၊ ဘီးလင်းမြို့နယ်မှာ ၇ ရွာ၊ သထုံမြို့နယ်မှာ ၃ ရွာ၊ ပေါင်မြို့နယ်မှာ ၂ ရွာတို့ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေကို သထုံခရိုင်ကျေးလက်ဦးစီးဌာနက ၁၀၀၀ လီတာအထက်နဲ့ ၁၀၀၀ လီတာအောက် ရေသယ်ယာဉ်တွေနဲ့ ရေပေးဝေနေပြီး အရပ်ဘက်လူမှုအဖွဲ့တွေကတော့ ယာဉ်တွေအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို လှူဒါန်းပေးနေတယ်လို့ သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက ပြောပါတယ်။

"သထုံခရိုင်ထဲမှာဆိုရင် တစ်ချို့ရွာတွေက သောက်ရေလောက်ပဲ အခက်ခဲဖြစ်တာပါ။ ပင်လယ်နဲ့နီးတဲ့ ရွာတွေကတော့ သောက်ရေရော သုံးရေပါ ပြတ်တဲ့ ရွာတွေရှိတဲ့အတွက် ကျနော်တို့ဌာနက ရေပေးဝေမှုတွေကို လိုက်လံဆောင်ရွက်နေတာပါ။"

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်အလိုက် အဓိက ရေပြတ်နိုင်တဲ့ ကျေးရွာတွေရဲ့ စာရင်းကို ကြိုတင်ကောက်ယူခိုင်းတယ်လို့ ဆိုပါတယ်။

“သောက်သုံးရေလိုအပ်နေတဲ့ ကျေးရွာတွေကို ရေပေးဝေနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် မှာကြားထားပြီးဖြစ်ပါတယ်။ ပြည်သူတွေဘက်က ဆက်သွယ်လာရင်တော့ အချိန်နှင့်တစ်ပြေးညီ ရေပေးဝေနိုင်ဖို့အတွက် စီစဉ်ထားပြီး လက်ရှိသောက်သုံးရေလိုအပ်နေတဲ့ ကျေးရွာတွေကို ကျနော်တို့ဌာနက ဆောင်ရွက်နေသလို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း ရေလိုအပ်နေတဲ့ ကျေးရွာတွေထိ လိုက်ပြီးလှူနေကြတာပါ။"

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အယ်နီညိုဖြစ်စဉ်ကြောင့် သထုံခရိုင်အတွင်း ကျေးရွာ ၄၃ ရွာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အခုနှစ် နွေရာသီမှာ ရေပြတ်လပ်မှုကြုံနိုင်တဲ့ ကျေးရွာ ၃၃ ရွာကို စာရင်းကောက်ယူထားပြီး ရေလိုအပ်မှုဖြစ်လာပါက အချိန်မှီရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာနေ မခင်သက်မာက "အစ်မတို့ရွာမှာက နှစ်တိုင်းရေလိုနေကြ။ သောက်ရေရော သုံးရေပါ။ ရွာထဲက ကန်ရေကလည်း သင်္ကြန်ပြီးလောက်ဆိုရင်ခန်းပြီ။ အခုလို ရေလာလှူပေးတဲ့ စေတနာရှင်တွေနဲ့ ဌာနဆိုင်ရာတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ လောလောဆယ်တော့ အလှူရှင်တွေလာလှူတဲ့ ရေသန့်ဘူးတွေကိုတော့ သောက်ရေလုပ်ပြီး ကန်ရေကို သုံးတဲ့နေရာမှာ အသုံးပြုနေရတာပါ။ အရင်အပတ်လောက်က ရေအလှူရှင်တွေ မလာသေးတော့ ကန်ရေကိုပဲ ကြိုချက်ပြီးသောက်သုံးရတာပေါ့" လို့ ပြောပါတယ်။
သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013