DVB Logo
Home
မြန်မာသတင်း
ရေအားနှင့်ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူမှု ပြည်သူကို နားလည်အောင် ရှင်းပြမည်
DVB
·
April 8, 2017
ရေအားနှင့်ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူမှု ပြည်သူကို နားလည်အောင် ရှင်းပြမည်
Donate to DVB

ပြည်သူတွေ ကန့်ကွက်နေတဲ့ ရေအားနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်လုပ်တာကို သေချာနားလည်အောင် ရှင်းပြပြီး လုပ်ဆောင်သွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမတစ်နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းလောက် တိုးတက်သုံးစွဲလာတဲ့အတွက် သုံးစွဲမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Plan တွေ ဆွဲခဲ့ပေမယ့်လည်း ထုတ်လုပ်မှုအပိုင်းမှာ Plan ဆွဲထားတဲ့အတိုင်း မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဦးထိန်လွင်က ပြောပါတယ်။

"မရှိခဲ့တဲ့အကြောင်းအရင်းက ကျနော်တို့မှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဓာတ်ငွေ့သည် လက်ရှိ ကျနော်တို့ သုံးစွဲနိုင်တဲ့ ပမာဏက ကန့်သတ်ချက်ဖြစ်သွားပါပြီ၊ ပမာဏက ကုန်သွားပြီပေါ့။ သုံးစွဲနိုင်တဲ့ နှုန်းက ကုန်သွားပါပြီ။"

ဒီအတွက်ကြောင့် ပြည်သူတွေကို လျှပ်စစ်လုံလောက်အောင် ဖြန့်ဖြူးဖို့ အတော်အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"ဆိုတော့ ထုတ်လုပ်ဖို့ဆိုလည်း ကျောက်မီးသွေးဆိုလည်း ပြည်သူက ကန့်သတ်ထားတယ်။ ကျနော်တို့ ထုတ်လို့မရဘူး။ ရေအားဆိုလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ များပါတယ်ဆိုပြီး ထုတ်လို့မရဘူး။ တစ်ခါ သဘာဝဓါတ်ငွေ့ကျတော့လည်း ရတဲ့ ဓာတ်ငွေ့က ကုန်သွားပြီ၊ ဆိုတော့ လျှပ်စစ်ဓာတ်အားကို ထပ်ထုတ်ဖို့ဆိုတဲ့အနေအထားမှာ တော်တော်လေးကို အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ် " လို့ ပြောပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းကို နည်းမျိုးစုံနဲ့ ကြိုးစားနေပြီး ပြည်သူတွေကို ထဲထဲဝင်ဆွေးနွေးပြီး ပညာပေးသွားမယ်လို့ အမြဲတမ်းအတွင်းဝန်က ဆိုပါတယ်။

"ဘာပဲဖြစ်ဖြစ် ပြည်သူတွေလက်ခံလာအောင် ကျောက်မီးသွေးဆိုလည်း တကယ့်ကို clean ဖြစ်ပါတယ်ဆိုတာကို သက်သေပြမယ်။ တကယ်ကို clean coal technology နဲ့ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံတွေကို ပြည်သူတွေ လက်ခံလာအောင် ပညာပေးစည်းရုံးသွားမယ်။ ရေအားလျှပ်စစ်စက်ရုံတွေကိုလည်းပဲ ထုတ်လုပ်နိုင်အောင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး အနေအထားထိရောက်အောင် ဒီဇိုင်းတွေပြင်ပါတယ်။ ပြည်သူတွေကို ချပြမယ်။ ပြည်သူတွေက ကန့်ကွက်လို့ မထုတ်နဲ့ဆိုလို့ ငြိမ်နေလို့လည်း မရပါဘူး။ ကြိုးစားပြီးရတဲ့ နည်းလမ်းနဲ့ ထုတ်ပြီး ပြည်သူတွေကို ဖြန့်ဖြူးပေးရမှာဖြစ်ပါတယ်" လို့ ဦးထိန်လွင်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ရေအားက ကုန်ကျမှုစရိတ်အနည်းဆုံးဖြစ်ပြီး ကျောက်မီးသွေးက ဒုတိယအနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ နေစွမ်းအင်၊ လေစွမ်းအင်တို့ကလည်း ဈေးကြီးတာကြောင့် ဈေးကြီးတဲ့ဟာတွေချည်းပဲ သုံးနေမယ်ဆို တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်စရာ အကြောင်းမရှိပါဘဲ ဈေးနည်းတဲ့ ထုတ်လုပ်မှုတွေ လုပ်နိုင်မှ ပြည်သူတွေ ပေါပေါများများသုံးစွဲနိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013