DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်အချို့ ကြားဖြတ်တွင် ဥပဒေချိုးဖောက်ဟုဆို
DVB
·
April 8, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်အချို့ ကြားဖြတ်တွင် ဥပဒေချိုးဖောက်ဟုဆို
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင်တချို့ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တယ်လို့ နိုင်ငံရေးပါတီ ၁၂ ခုက ဝေဖန် ထောက်ပြလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအ၀င် ပါတီ ၁၂ ခုရဲ့ ဧပြီ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနဲ့အညီ တင်ပြသွားမယ်လို့လည်း ကြောညာချက်မှာ ဖော်ပြထားပါတယ်။

ပါတီ ၁၂ ခုထဲ ပါတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ရင်း တွေ့ရှိချက်ကို ထောက်ပြတာဖြစ်ပြီး ကော်မရှင်ကို တိုင်ကြားတဲ့အဆင့် မဟုတ်ဘူးလို့ ပြောပါတယ်။

“နံပါတ်တစ် ၀န်ကြီးဆိုတာကတော့ ဒေါ်စု ပေါ့ဗျာ။ ဒေါ်စုက သူက ၀န်ကြီးဖြစ်နေတဲ့အခါမှာ နိုင်ငံရေးပါတီရဲ့ လုပ်ငန်းကို မလုပ်ရဘူးဗျ၊ ဒါ ဥပဒေအရပေါ့ နော်။ ဒါပေမယ့် သူက အဲ့ဒီာလမှာ လုပ်လိုက်တယ်၊ အန်အယ်လ်ဒီစည်းရုံးရေးကို သူ အများကြီး မဲဆွယ်တာ လုပ်လိုက်တယ်။ မဲ မဆွယ်ရမယ့် အချိန်မှာရယ်၊ နောက်ပြီးတော့ စည်းရုံးရေး မလုပ်ရမယ့် တာဝန်ရယ်က ဖောက်ဖျက်ပြီးတော့ အဲ့ဒါတွေ လုပ်တာပေါ့။ ဦးတင်ဦးတို့၊ ဦးဝင်းထိန်တို့ကလည်း တီဗွီမှာ ပြောတယ်၊ သတင်းစာတွေမှာလည်း ပြောတယ်ဆိုတော့ ဒါတွေဟာ မှားတယ်ဆိုပြီးတော့ ဆုံးဖြတ်တာပေါ့၊ ထောက်ပြတာပေါ့။ ထောက်ပြတဲ့အဆင့်တော့ ရှိတယ်၊ အဲ့ဒီအဆင့်အပြင်တော့ ကျနော်တို့ မစဉ်းစားရသေးပါဘူး။”

ပါတီ ၁၂ ခုရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရတနှစ်ပြည့်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အစား ပြည်သူနဲ့အတူ လို့ ပြောင်းမယ်လို့ ပြောဆိုချက်ဟာ မဲဆွယ်တာလို့ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီထိပ်တန်းခေါင်းဆောင်တချို့ကို ဝေဖန်ထောက်ပြခဲ့တဲ့ ပါတီတွေထဲ ပြည်ခိုင်ဖြိုး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ပါတီတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013