DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်းများ စည်းဝေးပွဲ စတင်
DVB
·
April 8, 2017
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်းများ စည်းဝေးပွဲ စတင်
1 / 5
Donate to DVB

တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပပြုလုပ်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တို့နဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ရဲ့ခေါင်းဆောင်တွေ တက်ရောက်နေကြတာဖြစ်ပြီး ၂ ရက် ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီနေ့စည်းဝေးပွဲမှာ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အန်စီအေလမ်းကြောင်းအတိုင်း သွားမရတော့ဘူးဆိုတဲ့ ခံစားချက်ကြောင့် တပ်ဖွဲ့တွေ တကွဲတပြားဖြစ်ဖို့ အကြောင်းဖန်လာတယ်လို့ သူ့ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“တချို့တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ (အန်စီအေ) စာချုပ် နဲ့သွားလို့မရတော့ဘူးဆိုတဲ့ ခံစားချက်တွေရှိနေတဲ့အပေါ် တကွဲတပြားဖြစ်လာဖို့ အကြောင်းဖော်နေသလို အခုချိန်ထိ ငြိမ်းချမ်းရေး မရနိုင်သေးတာဟာလည်း အစိုးရနဲ့ သဘောထား တထပ်တည်း မဖြစ်တာတွေကြောင့်ဖြစ်တယ်။”

ဒါ့အပြင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး မြောက်ပိုင်းမှာဖြစ်နေတဲ့ကိစ္စမှာ စည်းလုံးဖို့လိုပြီး ဒီဆွေးနွေးပွဲကနေ အကြံအဉာဏ်တွေပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

သဘာပတိတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကတော့ တိုင်းရင်းသားတွေအနေနဲ့ စစ်ရေးမဟုတ်ဘဲ နိုင်ငံရေးကို အဓိကထားမယ်ဆိုရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ (အန်စီအေ) စာချုပ် အတိုင်းသွားသင့်တယ်လို့ ပြောပါတယ်။

“ဘာဖြစ်လဲဆိုတော့ အန်စီအေဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်ကို တက်လှမ်းနိုင်တယ်လို့မြင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေဟာ ကွာဟမှု မရှိတဲအတွက်ကြောင့်လည်း နိုင်ငံရေးစားပွဲဝိုင်းပေါ်ကနေ စုစုစည်းစည်းနဲ့ ဆွေးနွေးမယ်ဆိုရင် အောင်မြင်မယ်” လို့ သူ့ရဲ့ သဘာတိ မိန့်ခွန်းမှာပြောပါတယ်။

အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (အက်စ်အက်စ်ပီပီ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (အေအန်စီ)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (အယ်လ်ဒီယူ) နဲ့ ၀ အမျိုးသားအဖွဲ့ချူပ် (ဒဗလျူအန်အို) စတဲ့ အဖွဲ့ ၇ ဖွဲ့မှ ခေါင်းဆောင်တွေ၊ အစိုးရနဲ့လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့တို့က ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013