DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်ပေးနိုင်မည့် ဦးစီးဌာနရုံးဖွင့်လှစ်
DVB
·
April 8, 2017
ကရင်ပြည်နယ်တွင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်ပေးနိုင်မည့် ဦးစီးဌာနရုံးဖွင့်လှစ်
Donate to DVB

တိုင်းရင်းသား အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုတွေကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနရုံးကို ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ပါတယ်။

“တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ နစ်နာဆုံးရှုံးမှုတွေကို တိုင်ကြားလာရင် ကူညီဆောင်ရွက်ပေးနိုင်ဖို့၊ စာပေနဲ့ ယဉ်ကျေးမှု အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ခံပေးဖို့၊ နေ့ထူးနေ့မြတ် အခမ်းအနားတွေမှာ လိုအပ်တဲ့ ရန်ပုံငွေရရှိဖို့အတွက် အစိုးရအဖွဲ့တွေမှာ ဘတ်ဂျက် တင်ပြတောင်းခံဖို့” ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ပြောပါတယ်။

တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံး ဖွင့်လှစ်ပြီး တိုင်းရင်းသားတွေရဲ့ အခက်ခဲတွေကို ဘယ်လို ကာကွယ်ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့  မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း ရောက်ရှိနေသူ စောဆူးညာက ပြောပါတယ်။

“အခုလို တိုင်းရင်းသားရုံး ဖွင့်တယ်ဆိုတာက ပြောမယ်ဆိုရင် သူတို့က ရုံးအလုပ်တွေ လုပ်တဲ့အခါကျရင် တကယ်ပဲ တိုင်းရင်းသားအခက်အခဲတွေ အနှိမ့်ချခံ အဖြစ်အပျက်တွေကိုကော ဖြေရှင်းနိုင်မလား။ ပြီးရင် ရိုးရာစာပေယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မလား။ ပြဿနာအပေါ် မူတည်ပြီးတော့ ဒီဌာနက အက်ရှင်ယူနိုင်မလား။ မယူနိုင်ဘူးလား။ ဒါကြောင့် ဌာနရဲ့ဆောင်ရွက်ချက်တွေကို စောင်ကြည့်ရမှာပေါ့။”

အဆိုပါဝန်ကြီးဌာနကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၈၊ အခန်း-၁၊ ပုဒ်မ (၂)(ခ)အရ ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိဖွင့်လှစ်ခဲ့တဲ့ရုံးဟာ ပြည်နယ်၊ တိုင်းဒေသကြီးရုံးတွေအနက် ဒုတိယမြောက် ဖွင့်လှစ်တဲ့ ပြည်နယ်ရုံးဖြစ်ပြီး အလားတူ ပြည်နယ်၊ တိုင်းဒေသကြီးရုံးတွေကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013