DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့တောင်းဆိုမှုကြောင့် ရန်ကုန်သင်္ကြန်တွင် ပရဟိတအဖွဲ့များ လုံခြုံရေး ကူညီမည်
DVB
·
April 8, 2017
ရဲတပ်ဖွဲ့တောင်းဆိုမှုကြောင့် ရန်ကုန်သင်္ကြန်တွင် ပရဟိတအဖွဲ့များ လုံခြုံရေး ကူညီမည်
1 / 5
Donate to DVB

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်သင်္ကြန်ကို ပရဟိတအဖွဲ့တွေလည်း လုံခြုံရေး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ဧပြီ ၇ ရက်နေ့မှာ ပြောပါတယ်။

ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရိုးရာသင်္ကြန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့အစည်းမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အပါအဝင် ပရဟိတ အဖွဲ့ ၁၂ ဖွဲ့က လူအင်အား ၂၀၀ ကျော်နဲ့ မနက် ၈ နာရီကနေ ညနေ ၆နာရီထိ လုံခြုံရေး ယူပေးမှာပါ။

လုံခြုံရေးရယူပေးမဲ့ နေရာတွေကတော့ လူစည်ကားရာနေရာတွေကို အဓိက ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သတင်း၊ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013