
by dvburma
ပုသိမ်မြို့ ငဝန်မြစ်အတွင်းမှာ ဧပြီ ၇ ရက်နေ့ ညပိုင်းက ကျောက်တင်သင်္ဘောနဲ့ စက်လေတိုက်မိပြီး လူ အယောက် ၂၀ သေဆုံးခဲ့ကာ ၁၀ ဦးလောက် ပျောက်ဆုံးနေပါတယ်။
ငပုတောမြို့နယ်ကမ်းနီအုပ်စု ရခိုင်ကုန်းကျေးရွာကနေ ပုသိမ်မြို့ ပုသိမ်ဟိုတယ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကို တက်ရောက်ပြီးအပြန် လူ ၆၀ ဝန်းကျင် တင်ဆောင်လာတဲ့ ငွေကြယ်ပွင့်အမည်ရှိတဲ့ စက်လှေဟာ ပုသိမ်မြို့ ကြက်တန်း ဆိပ်ကမ်းအထွက် ရေလယ်လောက်မှာ နဒီရွှေစင် ကျောက်တင်သင်္ဘောနဲ့ တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့တာပါ။
ကူညီကယ်ဆယ်မှုတွေ ပြုလုပ်တာမှာ လူ အယောက် ၃၀ ကို ကယ်ဆယ်ထားနိုင်ကာ အလောင်း ၂၀ ကို ဆယ်ယူရရှိထားပြီး ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းမြင့်ထူးက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကိုတော့ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူဖို့ ထားရှိထားပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွက် ရေယာဉ် နှစ်စီးစလုံးကို အရေးယူသွားမယ်လို့ ပုသိမ်နယ်မြေရဲစခန်းက သိရပါတယ်။
သတင်းနှင့်ရုပ်သံ - သော်ဇင်မျိုး











