DVB Logo
Home
မြန်မာသတင်း
ပါတီ စည်းတံဆိပ်သုံးပြီး မမှန်သတင်းဖြန့်ခဲ့သူကို ထောင်ဒဏ် ၆ လချမှတ်
DVB
·
April 7, 2017
ပါတီ စည်းတံဆိပ်သုံးပြီး မမှန်သတင်းဖြန့်ခဲ့သူကို ထောင်ဒဏ် ၆ လချမှတ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ စည်းတံဆိပ်ကို အသုံးပြုခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန် သတင်းဖြန့်ဝေခဲ့တယ်ဆိုပြီးတော့ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုဖိုးထောင်ကို ဒီကနေ့ ထောင်ဒဏ် ၆လ အပြီးသတ် အမိန့်ချမှတ် လိုက်ပါတယ်။

တရားစွဲဆိုခံတားရတဲ့ အောင်မြင့်ထွန်း (ခ) ကိုဖိုးထောင်ဟာ ပါတီရဲ့ စည်းတံဆိပ်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ကျန်းမာရေးအခြေအနေကြောင့် ပါတီက နုတ်ထွက်ခွင့်ပြုပါရန်နဲ့ ပါတီက နုတ်ထွက်ခွင့်ပြုပါတယ်ဆိုတဲ့ စာရွက်ကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာပါ။

“ကျနော် အမှုက စရင်ဆိုင်ကတည်းက ပြောပြပါတယ်။ ရှင်းလည်းရှင်းပြထားပါတယ်။ ကျနော်က ဖေ့ဘွတ်ခ်မှာတွေ့လို့ ကျနော်လည်း ပါတီဝင်တစ်ယောက်ပါ။ ဒါနဲ့ အန်ကယ်ဦးဝင်းထိန် ကျန်းမာရေးကြောင့် နုတ်ထွက် ခွင့်ပြုပါ။ နုတ်ထွက်ခွင့်ပြုတယ်ဆိုတာ လေးတွေ့လို့ ကျနော်ကကူးပြီး တဆင့်ပြန်ရှယ်လိုက်တာ”လို့ ကိုဖိုးထောင်က ပြောပါတယ်။

အဲဒီအမှုနဲ့ ပတ်သတ်ပြီး ဇဗ္ဗူသီရိမြို့နယ်၊ မြို့နယ်တရားရုံး၊ တွဲဖက်မြို့နယ်တရားသူကြီး (၂) ဒေါ်ဖြူဖြူသော် က နှစ်ဖက် သက်သေတွေကို စစ်ဆေးရာမှာ ပြစ်မှုထင်ရှားတယ်လို့ဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် (၆) လ ချမှတ်ခဲ့ပါတယ်။

ကိုဖိုးထောင်ဟာ ဆိုရင် တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ၅ လကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက်စေမှု (၆၆ ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းကိုလည်း ဒီကနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ် (၆)လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် အထိ ကောက်ခံရရှိတဲ့ စာရင်းတွေအရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ရုံးတင် တရားစွဲ ဆိုခံထားရမှု ၆၁ မှုရှိတယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ဆီက သိရပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဟာ ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုတွေကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ် ၂ ရပ်လုံးပါ ချမှတ် နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013