ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကား ယာဉ်လိုင်းတွေကို ဒီနေ့ ဧပြီလ ၇ ရက်နေ့ကစပြီး ယာဉ်စီးခတွေကို အပိုင်းလိုက် စတင်ကောက်ခံနေပါတယ်။
YBS ယာဉ်တွေကို ခရီးစဉ် ၃ ပိုင်း၊ ၄ ပိုင်း ပိုင်းခြားထားပြီး တပိုင်းကို ယာဉ်စီးခ ၁၀၀ ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။ ခရီးစဉ် အစအဆုံးကိုတော့ ကျပ်၂၀၀ သတ်မှတ်ထားပြီး အဲကွန်းဘတ်စ်တွေကတော့ ပုံသေ ၂၀၀ ကျပ်သတ်မှတ်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ဒီနေ့ အပိုင်းလိုက်စနစ် စပါပြီ။ ယာဉ်စီးခ ပိုကောက်တာတွေရှိရင် Complain Center ရဲ့ ဖုန်း ၅ လုံး ရှိတယ်။ အဲဒီကို တိုင်လို့ရပါတယ်။ အရေးယူမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။











