DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် တရားမဝင်သစ်သယ် ကား ၃ စီးနှင့် ကုန်ပစ္စည်း အများအပြား ဖမ်းမိ
DVB
·
April 7, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ရေပူဂိတ်မှာ တရားမဝင် သစ်တွေ သယ်ဆောင်လာတဲ့ ကား ၃ စီးနဲ့ တရားမဝင် ကုန်ပစ္စည်းအများအပြား ဧပြီ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“မနက် ၁ နာရီလောက်မှာ သတင်းပေးလို့ ဂိတ်ကိုဖြတ်ဖို့ ပါဂျဲရိုတစီးနဲ့ Surf ကား ၂ စီး သစ်အပြည့်တင်ထားပြီး စောင့်နေတယ်ဆိုလို့ အဲဒါကို သွားဖမ်းလိုက်တယ်။ အစ်ကိုတို့ ဖမ်းတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ လူက ၆ ယောက်ရှိတယ်။ တစီးမှာ ၂ ယောက်ရှိတယ်။ အဖွဲ့အစည်းတခုတော့ ရှိတယ်။ နာမည်တော့ မပြောတော့ဘူး။ အဲဒီအဖွဲ့အစည်းက ဒီဂိတ်ကို ဖြတ်ဖို့ စောင့်ခိုင်းလိုက်တာ။ ဖမ်းတဲ့အချိန်မှာ ၅ ယောက်က ထွက်ပြေးသွားတယ်။ တယောက်ပဲ မိလိုက်တယ်” လို့ အကောက်ခွန်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်တွေဟာ ပိတောက်သစ်တွေဖြစ်ပြီး သစ်အပါအဝင် ကားနဲ့လူကို သိန္နီရဲစခန်းတွင် အပ်ထားပြီလို့ ပြောပါတယ်။

“ဒီနေ့ တရက်တည်းကိုပဲ သစ်တင်လာတဲ့ ကား ၃ စီးရယ်၊ ကုန်ပစ္စည်းကားတွေရော ဖမ်းမိတယ်။ အဲဒီသစ်ကားထဲမှာ တစီးကို သစ်တန်ချိန် ၁ တန်ခွဲစီတော့ ပါတယ်။ ၃ စီးဆိုတော့ ၄ တန်ခွဲလောက် ပါမယ်။ ကားတွေရော သစ်တွေရော သိန္နီရဲစခန်းမှာ ပို့ထားတယ်။ လွတ်သွားတဲ့ ၅ ယောက်ကိုလည်း ရအောင်ဖမ်းဖို့ ကြိုးစားနေတယ်။ စားသောက်ကုန်၊ တရားမဝင်ပစ္စည်းတွေနဲ့ ကုန်တင်ကားက ဖမ်းနေတာ ခုထိပဲ။ သစ်ကား ၃ စီးကတော့ သူတို့ မူဆယ်ဘက်ကို တက်တာ။ တရားမဝင် ကုန်တင်ကားကျတော့ မူဆယ်ကနေ မန္တလေးဘက်ကို ဆင်းတဲ့ကားတွေ”လို့ သူက ဆက်ပြောပါတယ်။

ရေပူဂိတ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အခုချိန်ထိ ဖမ်းဆီးရမိတဲ့ တရားမဝင်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၃ သောင်းနီးပါးရှိပြီလို့ သိရပါတယ်။

သတင်း- နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013