DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်အတွင်း လူသတ်အလောင်းဖျောက်ထားသူကို ဖမ်းမိ
DVB
·
April 7, 2017
အင်္ဂပူမြို့နယ်အတွင်း လူသတ်အလောင်းဖျောက်ထားသူကို ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းအပိုင် ကရင်ကူကျေးရွာအုပ်စု ကံတုတ်ကျေးရွာမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်က လူသတ်ပြီး အလောင်းဖျောက်ထားသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

"တရားခံတင်မျိုးဦးက သေဆုံးသူ နိုင်ဝင်းနဲ့ စကားများရန်ဖြစ်လို့ ဝါးကျစ်တုတ်နဲ့ ရိုက်သတ်ပြီး ဆည်မြေင်းဘောင်နားက ရွှံ့တွေနဲ့အုပ် မြေမြှုပ်ပီး အလောင်းကို ဖျောက်ထားတာပါ။ တရားခံ မျိုးဦးက တပတ်လောက်အကြာမှာ အရက်မူးပြီး ဟိုလူပြောဒီလူပြောနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ သတင်းရောက်သွားပြီး ရဲစခန်းအကြောင်းကြားလာတာ”လို့ မဲဇလီကုန်းရဲတပ်ဖွဲ့စခန်း ဒုရဲအုပ် မျိုးမြင့်အောင်က ပြောပါတယ်။

မျိုးဦးကို ဖမ်းဆီးစစ်ဆေးရာမှာ လူသတ်အလောင်းဖျောက်ထားကြောင်း ၀န်ခံခဲ့တယ်လို့ ဒုရဲအုပ်မျိုးမြင့်အောင်က ဆိုပါတယ်။

“တရားခံမျိုးဦးကို ရဲစခန်းက ဖမ်းဆီးစစ်ဆေးရာမှာ လူသတ်ထားတယ်၊ ဟုတ်တယ် အလောင်းဖျောက်ထားတယ်လို့ တရားခံက ဝန်ခံတယ်။ ခု ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတယ်။ အလောင်းဖော်ဖို့လည်း တရားသူကြီး ဆရာဝန်တို့နဲ့ စီစဉ်နေရပါတယ်။ ဒီနေ့လောက်တော့ ဖော်ဖြစ်မယ်ထင်တယ်။”

တရားခံ မျိုးဦးကို မဲဇလီကုန်းရဲစခန်းက ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ရဲလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို သိရပါတယ်။

လူသေအလောင်းကိုတော့ အမြန်ဆုံးဖော်နိုင်ဖို့ မြို့နယ်အဆင့် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013