DVB Logo
Home
မြန်မာသတင်း
ဇင်းကျိုက်ကန်ကြီးမှ ဘေးမဲ့ငါးများ သေဆုံးနေ
DVB
·
April 7, 2017
ဇင်းကျိုက်ကန်ကြီးမှ ဘေးမဲ့ငါးများ သေဆုံးနေ
1 / 6
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်ရှိ ကန်ကြီးအတွင်းမှ ဘေးမဲ့လွှတ်ထားတဲ့ငါးတွေဟာ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး အချိန်ခါမဟုတ်သေဆုံးနေပါတယ်။

၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ကန်ကြီးအတွင်းမှရေကိုစုပ်ယူကာ ရေကစားကြလို့ သင်္ကြန်ကာလအပြီး ငါးတွေသေဆုံးမှုရှိခဲ့ပေမယ့် အခုအခြေနေလောက်မဆိုးဘူးလို့ ဇင်းကျိုက်ရပ်ကွက်နေ ဦးမောင်အေးကပြောပါတယ်။

“ကန်ကြီးထဲက ဘေးမဲ့လွှတ်ထားတဲ့ ငါးတွေက လွန်ခဲ့တဲ့ ၄ ရက် လောက်ကတည်းက ရေပေါ်မှာ ခေါင်းတွေထောင်ထောင်နဲ့ ဖြစ်နေတာတော့တွေ့တယ်။ သေတာတော့မတွေ့ရဘူး။ အဲဒီနောက်ပိုင်း ငါးတွေသေတာ များလာတယ်။ မနှစ်ကဆိုရင် ကန်ထဲကရေတွေစုပ်ယူလို့ သင်္ကြန်ပြီးမှ အနည်းအကျဉ်းသေတာပါ။ အခုဟာက အချိန်ခါမဟုတ်ဘဲသေနေတော့ ဘာဖြစ်လို့ သေတယ်ဆိုတာတော့ မသိသေးပါဘူး။”

ဇင်းကျိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က "ကန်ကလည်း မဆယ်တာကြာပြီ။ အပူရှိန်ကြောင့် ရေလည်းနည်းလာတယ်။ ကန်ထဲမှာ လာလွှတ်ထားတဲ့ ငါးတွေကလည်း မွေးမြူရေးငါးတွေပါတယ်။ ရေမှာပေါ်နေတဲ့ ငါးတွေအများစုက အောက်ဆီဂျင်ပြတ်ပြီးသေတာပါ။ စိုးရိမ်စရာတော့မရှိဘူး။ အခုလည်း တာဝန်ရှိသူတွေကနေပြီး ကွင်းထဲကရေတွေကို ကန်ထဲစက်နဲ့ စုပ်ထည့်ပေးနေတယ်။ ကန်ထဲကရေကိုတော့ ပြန်ထုတ်ပြီး ရေလှည့်တဲ့စနစ်နဲ့ လုပ်ဆောင်ပေးနေပါ တယ်။"  လို့ ပြောပါတယ်။

ဇင်းကျိုက်မြို့ရှိ မင်္ဂလာကန်ကြီးဟာ အကျယ် ၅ ဧကလောက်၊ ရေအနက် ၁၀ ပေလောက်ရှိပြီး ဧပြီလမှာတော့ ရေအနက် ၅ ပေလောက်သာ ကျန်ရှိကြောင်းနဲ့ ကန်ကြီးကို ပြန်လည်မတူးဖော်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ယူမင်းစိုး

ဓာတ်ပုံ - ဇော်မင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013