DVB Logo
Home
မြန်မာသတင်း
အင်တာပိုက အလိုရှိနေသည့် တောင်ကိုရီးယားနိုင်ငံသားကို တာချီလိတ်ရဲ ဖမ်းဆီး
DVB
·
April 6, 2017
အင်တာပိုက အလိုရှိနေသည့် တောင်ကိုရီးယားနိုင်ငံသားကို တာချီလိတ်ရဲ ဖမ်းဆီး
Donate to DVB

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိနေတဲ့ ကိုရီးယားနိုင်ငံသားတဦးကို တာချီလိတ်မြို့ ချစ်ကြည်ရေး တံတားအမှတ် (၁) ထိုင်းနိုင်ငံကိုအထွက်မှာ တာချီလိတ်ရဲတပ်ဖွဲ့က ဒီနေ့နေ့လယ်ပိုင်းက ဖမ်းဆီးထားပါတယ်။

အင်တာပိုက အလိုရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားဟာ မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံထဲကို ၀င်ရောက်ခဲ့တာဖြစ်ပြီး ကျိုင်းတုံမြို့မှာ သွားရောက်နေထိုင်နေတာဖြစ်ပြီး ထိုင်းနိုင်ငံကို အပြန်မှာ ဖမ်ဆီးခဲ့တာလို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက "အင်တာပိုက စာပို့ထားတဲ့ လူဖြစ်တာနဲ့ ချစ်ကြည်ရေးတံတားမှာ ဖမ်းဆီးလိုက်တာပါ။ အခုတော့ ကျန်တဲ့ကိစ္စကိုတော့ အထက်က ဆက်လက်ညွှန်ကြားမှ ဘာလုပ်ရမယ်ဆိုတာသိမှာမို့ စခန်းမှာပဲ ထိန်းသိမ်းထားပါတယ်။ အင်တာပို က ဘယ်လို အမှုမျိုးနဲ့ လိုအပ်နေတယ်ဆိုတာတော့ မသိဘူး။ ဖမ်းဖို့ အမိန့်ထုတ်ထားလို့ ဖမ်းထားတာပါ" လို့ ပြောပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က ကိုရီးနိုင်ငံသား Mr Lee shanghee ကို ဖမ်းဆီးဖို့ တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဆီ အကြောင်းကြားစာပေးပို့ထားပြီး Red Notice စာရင်းသွင်းထားတာလို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားနိုင်ငံသားဟာ passpost အမှတ် M-43356761 ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံကတဆင့်ဝင်ရောက်လာပြီး မြန်မာနိုင်ငံအတွင်းမှာ ရှမ်းအမျိုးသမီးတဦးနဲ့ လက်ထပ်ထားတာလို့ မြို့မရဲစခန်းရဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013