DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 6, 2017
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ၁၀ သိန်း ၈ သောင်း ၄ ထောင် ပေါက်ဈေးရှိနေပြီး ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းက ဒီနေ့မှာ ငွေကျပ် ၂၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာ ကို ၁၈၇၀ ကျပ်ဈေး ရှိပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲက ဒီနေ့မှာ ၁ ပိဿာ ကို ၁၁၃၅ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၆၀ ဈေး တက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာ ကို ငွေကျပ် ၅၀ ဈေးကျဆင်းသွားပြီး ဒီနေ့ဈေးက ၁ ပိဿာကို ၅၅၀ ကနေ ၁၁၇၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

နှမ်းနက် (စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက် (စမုံ)က ၁ အိတ်ကို ၁ သိန်း ၃ သောင်း ပေါက်ဈေးရှိပြီး ကျပ် ၅၀၀၀ ဈေးကျဆင်းသွားပါတယ်။

ဂျုံ
ဂျုံကတော့ ဒီနေ့မှာ ၁ အိတ်ကို ၅၀၀ ဈေးတက်လာပြီး  ဒီနေ့ ပေါက်ဈေးက ၅၃၅၀၀ ပေါက်ဈေးရှိပါတယ်။

ပဲပုပ်
ပဲပုပ်ကတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၇၁၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးတက်လာပါတယ်။

မန်ကျည်းတောင့်
ပခုက္ကူ  ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့် ၁ ပိဿာ ကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးက ၁ ပိဿာာ ကို ၁၅၁၅ ကျပ် ရှိပါတ.ယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013