DVB Logo
Home
Lead Story
BMX ကို ရူးသွပ်သည့် လူငယ်လေးတဦး (ရုပ်သံ)
DVB
·
April 6, 2017
BMX ကို ရူးသွပ်သည့် လူငယ်လေးတဦး (ရုပ်သံ)
Donate to DVB



ထက်အောင်တယောက် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက BMX စက်ဘီးတွေကို ရူးသွပ်ပြီး အစီးလေ့ကျင့်လာခဲ့တာပါ။

"၂၀၀၉ လောက်ကတည်းက BMX စီးတာကို ကြည့်တယ်။ သူတို့ ဘယ်လိုစီးလဲ၊ သူတို့ ဘယ်လိုဘယ်လိုတွေစီးကြလဲ၊ အဲလိုကြည့်ရင်းနဲ့ ကိုယ်ပါ စီးချင်စိတ်တွေ ပေါက်လာတယ်။ လေ့လာတာက သင်ဆရာကျတော့ ဒီမှာ ဘန်နီဟော့တို့ ဘာတို့ကျတော့ ဉာဏ်လေးက စသင်ပေးတယ်။ နောက်ပိုင်း ကောင်းတဲ့အတွက်တွေကျတော့ youtube ကနေ ကြည့်တာများတယ်။ youtubeကနေ လေ့လာတယ်၊ သင်တယ်။"

BMX ဟာ လမ်းကြမ်းတွေမှာစီးနိုင်တဲ့ အားကစားစက်ဘီးအမျိုးအစားပါ။ ၁၉၇၀ အစောပိုင်းမှာ ကလေးတွေစီးဖို့ အမေရိကန်နိုင်ငံမှာ စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ လူငယ်တွေ စတန့်ထွင်စီးလာကြ၊ ပြိုင်စီးလာကြပါတယ်။

ထက်အောင်ကတော့ လမ်းပေါ်မှာ ခုန်ပေါက်ပြီး စီးရတာကို ပိုကြိုက်ပါတယ်။

"ကျနော်စီးတာက Street Type ပေါ့။ လမ်းပေါ်မှာရှိတဲ့ ပစ္စည်းတွေကို စီးတယ်။ လမ်းပေါ်မှာဆောက်ထားတဲ့အတိုင်းပဲ။ လမ်းပေါ်မှာ ပလက်ဖောင်းဆိုရင် ကျနော်တို့ ခုန်တယ်။ ခုန်တဲ့အခါကျတော့ အင်္ဂလိပ်လို ဘန်နီဟော့နဲ့ ခုန်တက်သွားတယ်။ ဘန်နီဟော့နဲ့ ပြန်ဆင်းသွားတယ်။ ဘောင်တွေကျရင် နောက်ကပါတဲ့ ဘေးတန်းလေးတွေနဲ့ ဘောင်တွေကို ရှေ့ဘီးတင်ပြီးတော့ နောက်ကဟာလေးတွေနဲ့သွားရတာ။"

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

တင်ဆက် - ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013