DVB Logo
Home
မြန်မာသတင်း
ရေရှားသည့် ကျေးရွာအချို့ကို ရဲတပ်ဖွဲ့ ဦးဆောင်ပြီး ရေလှူဒါန်း
DVB
·
April 6, 2017
ရေရှားသည့် ကျေးရွာအချို့ကို ရဲတပ်ဖွဲ့ ဦးဆောင်ပြီး ရေလှူဒါန်း
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်းဘေးဝဲယာက ကျေးရွာအချို့ကို ဧပြီလ ၅ ရက်နေ့က ကနီမြို့နယ်ရဲတပ်ဖွဲ့ဦးဆောင်ပြီး ရေဂါလံ ၅ ထောင်နီးပါး ဖြန့်ဝေလှူဒါန်းခဲ့ပါတယ်။

ပေါက်အင်းတောင်ရွာ၊ အင်းမှော်ရွာ စတဲ့ နွေရာသီရေရှားပါးတဲ့ ရွာတွေကို သောက်ရေသန့်ကား ၂ စီး၊ သုံးရေအတွက် မီးသတ်ကား ၂ စီး စုစုပေါင်းကား ၄ စီးနဲ့ ပထမဆုံးအကြိမ်အဖြစ် မြို့နယ်ရဲမှူး တင်မောင်မြင့် ဦးဆောင်ပြီး သွားရောက်လှူဒါန်းခဲ့ကြတာပါ။

“ပေါက်အင်းတောင်၊ အင်တောပြန့်၊ အင်းမှော် စတဲ့ရွာတွေက ကန်ေ်ရကိုသာ အဓိကထား သောက်သုံးကြရတာဖြစ်ပါတယ်။ နွေရာသီ ပူပြင်းခြောက်သွေ့တဲ့ အချိန်မှာတော့ ကန်ရေက လုံလောက်မှုမရှိဘဲ ချိုးရေမဆိုထားနဲ့ သောက်ရေနဲ့ ချက်ပြုတ်ရေးအတွက်တောင် မလွယ်ကူဘူး” လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဒေသမှာ ရေတွင်းတူးဖို့လည်း ပေ ၇၀၀၊ ၈၀၀ ထိတူးမှသာ ရေထွက်တာကြောင့် ကုန်ကျစရိတ်များတဲ့အတွက် မတူးနိုင်ကြဘူးလို့ ဆိုပါတယ်။

ဒေသခံတွေ အားထားနေရတဲ့ ရေကန်တွေက ခမ်းခြောက်နေပြီဖြစ်ပြီး နှစ်စဉ်လိုလို ရေအခက်အခဲက ကြုံတွေ့နေရတဲ့အပြင် အလှူရှင်တွေလည်း မျှော်လင့်နေရတာပါ။

အနီးဆုံးရေရနိုင်တဲ့နေရာက ၂ မိုင်လောက် ရှိပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူတွေရဲ့အခက်အခဲကို တတ်နိုင်တဲ့နေရာကနေ ကူညီဖြည့်ဆည်းပေးတဲ့အနေနဲ့ အခုလို ကူညီရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013