
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ တည်ပင်ကန်ကျေးရွာရှိ ဓမ္မပါလကျောင်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တိုင်းအစိုးရရုံးရှေ့မှာ ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက သံဃာတော်တွေ အပါအဝင် ဒေသခံ ၅၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက လက်ရှိ ကျောင်းထိုင်ဆရာတော်ကို ဝိနည်းနဲ့ညီညွတ်မှုမရှိလို့ဆိုပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ကျောင်းကဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းသာသနာရေးမှူးက ဆက်လက်ဆောင်ရွက်ခြင်းမရှိလို့ အခုလို ဆန္ဒဖော်ထုတ်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြရာမှာ ဒေသခံတွေက တယ်ပင်ကန်ရွာ ဓမ္မပါလကျောင်း အငြင်းပွားမှုကိစ္စမှာ သံဃာ့မဟာနာယကရဲ့ ၆/၂၀၁၄ ဆုံးဖြတ်ချက်ကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တဖက်သတ်ဆောင်ရွက်နေတဲ့ မြို့နယ် သံဃာ့နာယကအဖွဲ့ အလိုမရှိ စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံခေါင်းဆောင်တွေနဲ့ နယ်လုံဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေပါတယ်။











