DVB Logo
Home
မြန်မာသတင်း
ငွေကြေးလိမ်လည်သည့် တရုတ်နိုင်ငံသား ၃၇၀ ကျော်ကို တရုတ်နှ်င့် 'ဝ'တပ်ဖွဲ့ ပူးပေါင်းဖမ်းဆီး
DVB
·
April 6, 2017
Donate to DVB

တရုတ်နိုင်ငံ ပြည်နယ်ပေါင်း ၁၇ ပြည်နယ်က ပြည်သူတွေအပေါ် ငွေကြေးလိုက်လံလိမ်လည်နေတဲ့ တရုတ်နိုင်ငံသားတွေကို ‘ဝ’ပြည်နယ် ပန်ခန်းမြို့ ဝါပန့်မြို့နယ်မှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ၀တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဖမ်းဆီးခဲ့ကြပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေဟာ တရုတ်-မြန်မာနယ်စပ် ဝါပန့်မြို့နယ်က ဟိုတယ် ၄၁ လုံးမှာ တည်းခိုနေကြောင်း သတင်းအရ တရုတ်လူထုလုံခြုံရေး ဗြူရိုအယောက် ၅၀၀ နဲ့ ‘ဝ’ စစ်တပ်တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ညက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ‘ဝ’ သတင်းဌာန တစ်ခုဖြစ်တဲ့ ဝါပန့်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဟိုတယ် ၄၁ လုံးမှာ တည်းခိုနေတဲ့ တရုတ်နိုင်ငံသား ၃၇၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီ လူတွေဟာ ပြည်နယ်ပေါင်း ၁၇ ပြည်နယ်က လူဦးရေပေါင်း ၁၀၀၀ ကျော်ကို  ငွေကြေး လိုက်လံလိမ်လည်မှုတွေ လုပ်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လိမ်လည်ခဲ့တဲ့ ငွေကြေးပမာဏကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

သတင်း - နိုင်နိုင်၊ ဓာတ်ပုံ - မြန်မာနိုင်ငံ ဝါပန့်သတင်းဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013