DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
April 6, 2017
Donate to DVB

ထိုင်းနိုင်ငံကနေ သယ်ဆောင်လာတဲ့ ၁ သောင်းတန် ငွေစက္ကူအတုတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းဘက်ကနေ ကျပ်ငွေအတုတွေ သယ်ဆောင်လာတယ်ဆိုတဲ့ ကြိုတင်သတင်းအရ မြဝတီရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ရာမှာ ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၂၀ ကို ဖမ်းရမိခဲ့ပါတယ်။ အခုလို ကြိုတင်သတင်းအရ ဖမ်းဆီးရမိတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။

“၁ သောင်းတန်ငွေစက္ကူ အရွက်၂၀၊ နှစ်သိန်း မိပါတယ်။ ပြီးတော့ မှုခင်းတပ်ဖွဲ့နဲ့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်တွေနဲ့ အမာခံသတင်းပေးတွေပေါ့။ ထိုင်းနိုင်ငံဘက်ခြမ်းကနေ သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းရတဲ့အတွက် သွားရောက် စောင့်ဆိုင်းပြီး ဖမ်းဆီးတာဖြစ်ပါတယ်” လို့ မြဝတီမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကိုကိုနိုင်က ပြောပါတယ်။

ဒီငွေစက္ကူအတုတွေကို ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က မြဝတီဘက် သောင်းရင်းမြစ် ၉ သုံးလုံး ဂိတ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက မြဝတီမှာ ငွေစက္ကူအတုတွေကို မကြာခဏ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမယ့် သုံးစွဲနေချိန်မှာ ဖမ်းဆီးတာမျိုးပဲ ရှိပေမယ့် ကြိုတင်သတင်းပေး စောင့်ဆိုင်းဖမ်းဆီးတာမျိုး မရှိခဲ့ဖူးပါဘူး။

“ငွေတုနဲ့ပတ်သက်ပြီး စိုးရိမ်မှု ရှိတာပေါ့။ ပြည်သူတွေ မှားပြီးသုံးစွဲတာတွေ ရှိတယ်လေ။ ငွေတုလုပ်မယ့်သူတွေက စီးပွားရေးအဖြစ် ဆောင်ရွက်မယ့်သူတွေ ရှိတယ်။ ဒါကြောင့်မလို ကျနော်တို့က ဒါတွေကို ဖော်ထုတ်ရမယ်။ စိုးရိမ်ရတာပေါ့။ နိုင်ငံတော် စီးပွားရေးကို ထိခိုက်စေတယ်။ ရဲတပ်ဖွဲ့က အပူတပြင်းဆောင်ရွက်ရမယ်။ အရေးယူ ဆောင်ရွက်ရမယ်။ ဖော်ထုတ်ဖမ်းဆီးရမယ် ဒါတွေက” လို့ ဒုရဲမှူးကိုကိုနိုင်က ပြောပါတယ်။

ငွေအတုနဲ့ အစစ်ကို အရောင်နဲ့ ခွဲခြားလို့ မလွယ်ပေမယ့် စက္ကူအသားကို ကိုင်ကြည့်တာနဲ့ သိနိုင်တယ်လို့ ဒုရဲမှူးကိုကိုနိုင်က ပြောပါတယ်။ နောက် ငွေစက္ကူ အတုအစစ် သိနိုင်တဲ့ အချက် ၉  ချက်လောက်ရှိပြီး အတိအကျ ဖော်ထုတ်နိုင်ဖို့က မှုခင်းတပ်ဖွဲ့ကပဲ ဆောင်ရွက်နိုင်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013