DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် တရုတ်ခရီး စတင်
DVB
·
April 6, 2017
သမ္မတဦးထင်ကျော် တရုတ်ခရီး စတင်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ဒီနေ့မနက်ပိုင်းက ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။

သမ္မတရဲ့ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေးနဲ့ နိုင်ငံခြားရေး ကိစ္စရပ်တွေ  ဆွေးနွေးကြဖို့ရှိပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်ခရီးမှာ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ၁ နှစ်အတွင်း  လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီး ပထမဆုံး သွားရောက်ခဲ့ပြီး အဲ့ဒီနောက် အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013