DVB Logo
Home
မြန်မာသတင်း
လမိုင်းမြို့တွင် လိုင်စင်မဲ့ အရက်၊ ဘီယာများ ဖမ်းဆီးအရေးယူ
DVB
·
April 6, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့အတွင်း ဧပြီ ၅ ရက်နေ့ ၅ နာရီ ၄၅ မိနစ်က နေရာ ၃ နေရာမှ လိုင်စင်မဲ့ အရက်၊ ဘီယာတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ လမိုင်းနယ်မြေရဲစခန်းက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းနယ်မြေ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းယုဇော်နဲ့ အဖွဲ့ဟာ ယာဉ်မောင်း အောင်စိုးဦး မောင်းနှင်လာတဲ့ယာဉ် ပစ်ကပ်(PICKUP) အမျိုးအစားယာဉ်ကို သက်သေတွေနဲ့အတူ လိုင်စင်မဲ့ ဘီယာနဲ့ အရက်တွေကို ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လမိုင်းမြို့ မြို့မ ၃ ရပ်ကွက်ရှိ အောင်လင်းညွန့်ရဲ့ ဆုံဆည်းရာ စားသောက်ဆိုင်နဲ့ ထိန်ဝင်းရဲ့ ဈေးဆိုင်ကို သက်သေတွေနဲ့အတူ ဆက်လက်ရှာဖွေရာ လိုင်စင်မဲ့ ဘီယာ၊ အရက်တွေ ရောင်းချတာကို တွေ့ရလို့ ထပ်မံဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ ဘီယာနဲ့ အရက် ကာလတန်ဖိုး စုစုပေါင်း ၁၈ သိန်းကျော်ဖြစ်ပြီး လမိုင်းနယ်မြေရဲစခန်းမှ ယာဉ်မောင်း အောင်မျိုးဦး၊ အောင်လင်းညွန့်နဲ့ ထိန်ဝင်းတို့ကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013