DVB Logo
Home
မြန်မာသတင်း
မုံရွာ ပန်းခြံအချို့တွင် ဖျက်ဆီးခံရမှုများကြောင့် ညစောင့်များ ချထားမည်
DVB
·
April 6, 2017
Donate to DVB

မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး၊ ကန်သာယာအရှေ့ဘက်ရှိ အများပြည်သူ အပန်းဖြေရာ ပန်းခြံအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အလှဆင်ထားတဲ့ မိန်းမပျို  ရေခပ်ဆင်းဟန် ရုပ်တုအပါအဝင် တခြားအလှဆင်ထားတာတွေကိုပါ ရမ်းကားသူတွေက ဖျက်ဆီးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုရမ်းကားဖျက်ဆီးမှုကြောင့် စုစုပေါင်းကာလတန်ဖိုး ကျပ် ၅ သိန်းခန့် ပျက်စီးခဲ့ရပြီး မြို့မရဲစခန်းကို အကြောင်းကြားထားတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ ရှေ့ဆက်ပြီး ဒီလိုဖျက်ဆီးမခံရအောင် စည်ပင်သာယာရေးကော်မတီက ညစောင့်ဝန်ထမ်းတွေ ခန့်အပ်သွားဖို့လည်း စီစဉ်နေပါတယ်။

ပြည်သူတွေ အပန်းဖြေ အနားယူနိုင်ဖို့အတွက် အပန်းဖြေနေရာကို ၂၀၁၆ ခုနှစ်အတွင်းကမှ ပြန်လည်ပြုပြင် အလှဆင်လာတာ ဖြစ်ပါတယ်။

“ပျက်စီးသွားတဲ့ ပစ္စည်းတန်ဖိုးက ဘယ်လောက်မှမရှိဘူး။ ပျက်တာ ပြန်ပြင်လို့ရတယ်။ ပြောရရင်တော့ ခေတ်ပြောင်းတော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ပြည်သူတွေက စိတ်ဓာတ် တော်လှန်ရေး ပါလာဖို့ လိုတာပေါ့။ ဒီစိတ်ဓာတ်တော်လှန်ရေးပြောင်းလဲမှသာ အကောင်းဘက်ကို ရွေ့မှာလေ။ စိတ်ဓာတ်တွေ ဒီလိုရှိနေသမျှ ကာလပတ်လုံး ရှေ့က ဘယ်လောက်ပဲလုပ်လုပ် အရာထင်မှာ မဟုတ်ဘူး။ အဖျက်အဆီးတွေ ဖြစ်နေမှာပေါ့။ ပြည်သူလူထုကလည်း စိတ်ဓာတ် တော်လှန်ရေးမှာ ပါဝင်ဖို့ လိုတယ်” လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုလုပ်ရပ်က မုံရွာမြို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ပြောင်းလဲကြဖို့ လိုတယ်လို့လည်း ပြောဆိုနေကြပါတယ်။ လက်ရှိမှာ ပျက်စီးသွားတဲ့ ရုပ်တု၊ တာယာ၊ ပန်းအိုး စတာတွေကို မြို့နယ်စည်ပင်က ပြန်လည်ပြင်ဆင်ဖို့ ပြုလုပ်နေပြီး ပန်းခြံလုံခြုံရေးအတွက် နေ့ ည ဝန်ထမ်းတွေပါ ခန့်အပ်သွားမယ်လို့ သိရပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013