DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့တွင် ဆိုင်ကယ် အစီး ၃၀ ကျော် ခိုးယူသူများကို ဖမ်းဆီး
DVB
·
April 6, 2017
ထန်းတပင်မြို့တွင် ဆိုင်ကယ် အစီး ၃၀ ကျော် ခိုးယူသူများကို ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း ထန်းတပင်မြို့မစခန်းမှာ မသင်္ကာသူတစ်ဦးကို ဖမ်းစီးစစ်ဆေးရာမှာ ခိုးယူထားတဲ့ ဆိုင်ကယ် ၃၂ စီး ပေါ်ပေါက်ခဲ့ပြီး ဆိုင်ကယ် ၂၂ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထန်းတပင် မြို့မစခန်းက ပြောပါတယ်။

"ကျနော်တို့ဆီမှာ အခိုးခံရတယ်လို့ တိုင်ထားတဲ့ အမှုတွေ ရှိတယ်ဗျ။ အဲဒါကြောင့် ကင်းလှည့် ဆောင်ရွက်ချိန်မှာ မသင်္ကာသူကို ခေါ်စစ်တာ။ အဲဒီကနေ ကွင်းဆက်တရားခံတွေနဲ့ ဆိုင်ကယ်တွေ သိမ်းဆည်းနိုင်တာပါ” လို့ ထန်းတပင်မြို့မစခန်းမှူး ဒုရဲမှုးခင်စိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နံနက် ၄ နာရီလောက်က ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာနေ ကိုစိုးထွန်းက အတွင်းဇက်သော့ ခတ်ထားတဲ့ ဆိုင်ကယ် အခိုးခံခဲ့ရတယ်လို့ ထန်းတပင်မြို့မရဲစခန်းမှာ လာရောက်အမှုဖွင့် တိုင်းကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားမှုကြောင့် ထန်းတပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်စိုးလွင်နဲ့ ပူးပေါင်းအဖွဲ့တို့ စုံစမ်းစစ်ဆေးခဲ့ရာ မသင်္ကာဖွယ် အမျိုးသားဖြစ်သူနဲ့ စံမင်းထွန်းတို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။  စံမင်းထွန်းကို စစ်ဆေးရာ အမှုနဲ့ဆက်စပ်တရားခံတွေဖြစ်တဲ့ လီလီ(ခ)မျိုးအာကာနိုင်(ခ)ဗွေလန်၊ ဆန်းမြင့်တို့ကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ သုံးဦးကို ဆက်လက်စစ်ဆေးခဲ့ရာ ဘွတ်ကြီး(ခ)ကျော်ရဲအောင် နဲ့ အကြီးကောင် (ခ)ဇင်မောင်မောင်ဟိန်း တို့ကို ဧပြီ ၃ ရက်နေ့က ဖြူးမြို့မှာ ထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ၅ ဦး ဖမ်းဆီးရမိခဲ့တာပါ။

ဆိုင်ကယ်ခိုးသူ ၅ ဦးရဲ့ ထွက်ဆိုချက်အရ သူတို့ ၅ ဦးဟာ တောင်ငူခရိုင်အတွင်း မြို့နယ်တွေက ဆိုင်ကယ် ၃၂ စီး  ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သူတို့ထံမှ ဆိုင်ကယ် ၂၂ စီး သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများနဲ့ ချိတ်ဆက်ပြီး ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ စီစဉ်ထားပါတယ်။

ဆိုင်ကယ်ခိုးသူ ၅ ဦးကို ထန်းတပင်မြို့မရဲစခန်းက (ပ)၄၆/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၈၀(ဆိုင်ကယ်) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း- ကျော်အာင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013