DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး
DVB
·
April 6, 2017
ဟင်္သာတခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး
Donate to DVB

ဧပြီ ၄ ရက် ညနေပိုင်းက ဟသာင်္တခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီလေပြင်းတိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းကျေးရွာမှာ မူလတန်းကျောင်း မျက်နှာကျက် အမိုးအုံလိုက် ပွင့်ထွက်ခဲ့ပြီး ကွမ်းခြံကုန်း အနောက်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ) မှာ အမိုးသွပ် အချပ် ၅၀ လောက် လွင့်ထွက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာဆေးပေးခန်း အိမ်သာ၊ ဘုရားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် အမိုးပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် ၂၅၀ လောက်လည်း အမိုးအကာတွေ ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ လေပြင်းတိုက်ခတ်တဲ့ ကျေးရွာကို မီးသတ်အပါအဝင် အာဏာပိုင်တွေက ကူညီပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

လေပြင်းဒဏ်ကြောင့် လူ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013