DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့လယ်ခေါင်တွင် တက်ကြွလှုပ်ရှားသူတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ- (ရုပ်သံ)
DVB
·
April 5, 2017
ပုသိမ်မြို့လယ်ခေါင်တွင်  တက်ကြွလှုပ်ရှားသူတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ- (ရုပ်သံ)
Donate to DVB

ပုသိမ်မြို့လယ်ခေါင်တွင် တက်ကြွလှုပ်ရှားသူတစ်ဦး... by dvburma

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ တိုင်းစာရင်းစစ်ချုပ်ရုံးနဲ့ မြေယာ အငြင်းပွားမှုဖြစ်ပွားနေတဲ့ အပေါ် ညှိနှိုင်းဆောင်ရွက်မှု အဆင်မပြေလို့ဆိုပြီး  တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက ဒီကနေ့ တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

ပုသိမ်မြို့မြို့တော်ခန်းမရှေ့ကနေစတင်ပြီး ရွေမုဋ္ဌောဘုရားကိုပတ်ပြီး နာရီစင်ကနေ မြို့တော်ခန်းမရှေ့အထိ လည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

အငြင်းပွား မြေတွေနဲ့ပတ်သက်လို့ အကွက်ရိုက်ရောင်းစားတာ အဆောက်အဦ ဆောက်လုပ်တာတွေ မလုပ်ဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလက ညွှန်ကြားချက် ထုတ်ထားပေမယ့် ၂၀၁၇ မတ်လအတွင်းမှာ အဆောက်အဦဆောက်လုပ်ခြံခတ်တာတွေကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက ပြုလုပ်နေတာကြောင့် ဆန္ဒထုတ်ဖော်ရတာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်နေတာကြောင့်မေးမြန်းလို့မရခဲ့ပါဘူး။

သတင်း-(ရုပ်သံ)- သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013