DVB Logo
Home
Lead Story
မြူးကြွတဲ့တီးလုံးတွေကို ပါးစပ်နဲ့ဖန်တီးတဲ့ လူငယ်လေးတဦး (ရုပ်သံ)
DVB
·
April 5, 2017
မြူးကြွတဲ့တီးလုံးတွေကို ပါးစပ်နဲ့ဖန်တီးတဲ့ လူငယ်လေးတဦး (ရုပ်သံ)
Donate to DVB



Beat Box ဆိုတာကတော့ ကျနော်တို့က လူ့ပါးစပ်တခုတည်းကနေ တီးလုံးသံ၊ သီချင်းသံ စတာတွေ လုပ်တာကို ခေါ်တာပါ။

စည်ဖြိုးမင်းတယောက် အဆိုတော်ဖြစ်ဖို့ ကြိုးစားရင်း ဗွီဒီယိုဖိုင်တခုကို ကြည့်ပြီးတဲ့နောက်မှာတော့ သူ beat box သမားအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"သီချင်းဆိုဖို့ ကြိုးစားတာပေါ့နော်၊ ဒါပေမယ့် ကျနော့်အသံနဲ့ အဆင်မပြေဘူးလေ၊ အဲ့ဒီမှာ ဘဲကြီးတပွေက ပါးစပ်ကနေ အသံတွေထွက်အောင် လုပ်နေတယ်၊ မိုက်တယ်ဆိုပြီး ကျနော် လေ့လာတယ်၊ ဒီမှာလုပ်တာလည်း မရှိတော့ လုပ်ဖြစ်သွားတာ။"

"စလုပ်တုန်းက beat box ဆိုတာကို လူတွေက သိပ်မသိသေးဘူး။ ဒီလိုလုပ်တဲ့အချိန်မှာ ခုလောက်ခေတ်မစားသေးတော့ ကျေန်ာတို့လုပ်ရင် ဘာလဲပေါ့။ ပါးစပ်ကနေ တီးလုံးသံတွေ ထွက်ပြအောင် လုပ်ပြရင် မင်းကဘာလဲ၊ မျက်နှာကို တံတွေးနဲ့ပက်နေတာလား၊ နောက်ပြရင် နားမထောင်နဲ့၊ စတဲ့ လှောင်တာတွေ ကြုံရတာပေါ့။"

ဒါပေမယ့် သူ လက်မလျှော့ခဲ့ပါဘူး။ လေ့လာမှုတွေကို အဆက်မပြတ် လုပ်ဆောင်ရင်း Myanmar’s Got Talent ကို ဝင်ပြိုင်ပြီးနောက်မှာတော့ သူ့ကို လူတွေ  လက်ခံလာကြပါပြီ။ လူတွေရဲ့ အသိအမှတ်ပြုလာမှုနဲ့ စီးပွားရေးအရ ပွဲတွေပါ သူ လက်ခံလာရပြီ။

"၁၈ နှစ်လောက်မှာ ကျနော် Myanmar’s Got Talent ကို ဝင်ပြိုင်တယ်။ အဲ့ဒီမှာ ဆီးမီးဖိုင်နယ်အဆင့်ထိ ရောက်တယ်။ အဲ့ဒီမှာ လူတွေက မြန်မာပြည်မှာလည်း beat box လုပ်နေတဲ့သူတွေ ရှိပါလားဆိုပြီး လက်ခံလာကြတယ်။ အဲ့နောက် ကျနော့်ကို စီးပွားရေးအရ ပွဲတွေ ငှားလာကြတယ်။"

ခုဆို သူ နယ်လှည့်ဖျော်ဖြေလာတာ ၃ နှစ်လောက်ရှိသွားပါပြီ။ တချို့နယ်တွေမှာတော့ beat box ကို လက်မခံကြသေးပါဘူး။

"နယ်တွေမှာက beat box ကို မသိကြဘူး။ မင်းနောက်က ကက်ဆက်ကြီးကို ပိတ်လိုက်ပါလို့ ပြောကြတယ်။ ဒါပေမယ့်လည်း ဒါက ပရိသတ်ကို ဘယ်လိုဖျော်ဖြေရင် အဆင်ပြေမယ်ဆိုတာတွေ သိလာတယ်။"

အခုဆိုရင် ဖျော်ဖြေခွင့်ရလာတဲ့ ပွဲတွေဟာ တနှစ်ကို ပွဲ ၄၀ လောက် ဖျော်ဖြေနေရပေမယ့်လည်း ဝင်ငွေအရ နည်းပါးနေသေးတာကြောင့် ရပ်တည်ဖို့အတွက်တော့ ခက်ခဲနေပါသေးတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

တင်ဆက် - အာကာသန်းတင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013