DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 5, 2017
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ  မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ၁၀ သိန်း ၉ သောင်းကျပ် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၂ သောင်း ၂ ထောင် ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံက ဒီနေ့မှာ ငွေကျပ် ၅၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇ သိန်း ၃ သောင်း ၅ ထောင် ပေါက်ဈေး ရှိနေပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၈၅၀ ကျပ် ရှိပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (ကြူကုတ်၊ တောင်ကြီး၊အောင်ပန်း)က ဒီနေ့မှာ ၁ ပိဿာကို ၁၈၀၀ ကနေ ၅၃၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၃၀၀ ဈေးတက်လာပါတယ်။

နှမ်းနက် (စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁ သိန်း ၃ သောင်း ၅ ထောင် ပေါက်ဈေးရှိပြီး ကျပ် ၂၀၀၀ ဈေးကျသွားပါတယ်။

ပဲလွန်းပြာ
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲလွန်းပြာက ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်ပြီး ဒီနေ့ ပေါက်ဈေးက ၁၃၀၀ ကျပ် ရှိပါတယ်။

မြေပဲလုံးဆံနီ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၂၅ ကျပ် ဈေးကျသွားပြီး ၁ ပိဿာကို ငွေကျပ် ၂၃၀၀ ပေါက်ဈေးရှိနေပါတယ်။

မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့် ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးက ၁ ပိဿာကို ၁၄၀၉၀ ကျပ် ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013