DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ၅ နှစ်အရွယ် အကဆရာမ (ရုပ်သံ)
DVB
·
April 5, 2017
တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ၅ နှစ်အရွယ် အကဆရာမ (ရုပ်သံ)
Donate to DVB



တရုတ်နိုင်ငံ ချန်ကျင်းမြို့က အသက် ၅ နှစ်အရွယ် ကလေးမလေးဟာ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး အကဆရာမအဖြစ် အမည်တွင်ပြီး တရုတ်လူမှုကွန်ရက်စာမျက်နှာမှာ ထင်ရှားကျော်ကြားလာပါတယ်။

ဂျင်းဂျင်းကို ည ၇ နာရီခွဲလောက်တိုင်း ကွင်းပြင်ကျယ်ကြီးမှာ ကနေကြတဲ့ သူ့ထက်အသက်ကြီး အကသမားအုပ်စုကို ဦးဆောင်နေတာ တွေ့ရမှာပါ။  ဒီကလေးမလေးက ပြီးခဲ့တဲ့ ဆောင်းဦးပေါက်မှာ အက စသင်ခဲ့တာဖြစ်ပြီး လအနည်းငယ်အကြာမှာတော့ သူမက အုပ်စုတစ်စုရဲ့ အကခေါင်းဆောင် ဖြစ်လာတာပါ။

အဲ့ဒီနောက်မှာ “၅ နှစ်အရွယ် ကလေးမလေးက ၅၀ အရွယ် တစ်ဦး” လို အကသင်နေတယ်ဆိုတဲ့စကား ပျံ့နှံ့သွားပြီး လူအုပ်ကြီးက ဂျင်းဂျင်း အကသင်နေတာကို လာကြည့်ကြတာလို့ သိရပါတယ်။

ဒီအပတ်အစောပိုင်းမှာ ဂျင်းဂျင်း အကသင်နေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံ တရုတ်လူမှုကွန်ရက်စာမျက်ပေါ်မှာ ထွက်လာပြီး ပျံ့နှံ့သွားရာကနေ ညတွင်းချင်း တရုတ်နိုင်ငံတစ်ဝှမ်းမှာ ဂျင်းဂျင်း ကျော်ကြားသွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013