DVB Logo
Home
မြန်မာသတင်း
သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် လှိုင်သာယာ Adidas အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
April 5, 2017
သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် လှိုင်သာယာ Adidas အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
1 / 7
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့  Adidas အထည်တွေကိုချုပ်တဲ့ ထောင်းထိုင်းတက်(စ်)အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ သင်္ကြန်ရုံးပိတ်ရက်ကို အလုပ်ရှင်က ၅ ရက်သာတရားဝင် သတ်မှတ်ပေးတာကြောင့် ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်က သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ပေးပေမယ့် လုပ်သက်ခွင့်နဲ့ အခြားခွင့်ရက်တွေကနေ အစားထိုးခွင့် ၅ ရက်ဖြတ်တောက်တဲ့အတွက် ပြက္ခဒိန်မှာပါတဲ့ ရုံးပိတ်ရက်အတိုင်း ပိတ်ပေးဖို့ ဧပြီလ ၃ ရက်နေ့ကစပြီး ဆန္ဒပြခဲ့တာပါ။

အဲဒီစက်ရုံမှာ လုပ်သက် ၄ နှစ်ခန့်ရှိသူတွေတောင် အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်ပဲရရှိတဲ့တွက် အလုပ်သမားတွေကို ကျွမ်းကျင်ကြေး တနှစ်တသောင်းပေးဖို့၊ အလုပ်သမားတဦး အလုပ်မဆင်းရင် တခြားသူတွေဆီကနေ လစာငွေဖြတ်တောက်ခြင်း မလုပ်ဖို့၊ လုပ်သက်နှစ်အလိုက် လုပ်သက်ခံစားခွင့် ငွေတသောင်းပေးဖို့၊ ထောက်ပံ့ကြေးငွေ တသောင်းခွဲပေးဖို့၊ အလုပ်သမားတွေအတွက် အကြိုအပို့ကား စီစဉ်ပေးဖို့၊ လုပ်ငန်းခွင်အတွင်း စကားပြန်ထားပေးဖို့ စတဲ့အချက်၁၆ ချက်ကို အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013