DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်တွင် လေပြင်းတိုက်၊ လူနေအိမ်များ ပျက်စီးပြီး ဒေသခံ ၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
April 5, 2017
Donate to DVB

ရှမ်းပြည်နယ် မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ် လွယ်ယိုင်းအုပ်စု မန်ကောင်းရွာနဲ့ စေလုံရွာမှာ ဧပြီ ၃ ရက်နေ့က တိုက်ခဲ့တဲ့ လေပြင်းတွေကြောင့် အ.မ.က စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်၊ စေတီတစ်ဆူနဲ့ လူနေအိမ် ၁၉ လုံး ပျက်စီးဆုံးရှုံးပြီး ဒေသခံ ၅၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။

လွယ်ယိုင်းကျေးရွာအုပ်စု အတွင်းရေးမှူး ဦးအောင်ညွန့်က“မန်ကောင်းအထက်ရွာမှာက အိမ်တွေရစရာ မရှိအောင် ပျက်စီးတာ ၃ အိမ်ရှိပါတယ်။ အမိုးအားလုံးလန်တာ ၃ အိမ်ရှိတယ်။ အမိုးတခြမ်းလန်တာ ၂ အိမ်ရှိတယ်။ အောက်ရွာစေလုံရွာကတော့ အိမ်ခြေ ၈ အိမ်ပါသွားတယ်။ အဲဒီထဲမှ လုံးဝပျက်စီးသွားတာက ၄ အိမ်ရှိတယ်။ ပြီးတော့ ဘုန်းကြီး ဆွမ်းစားဆောင် တဆောင် ပါသွားတယ်။ သာသနိကအဆောက်အဦနဲ့ အ.မ.က စာသင်ကျောင်းလည်း ပါသွားတယ်။ စေတီကတော့ ထီးရော အောက်ခြေရော ပျက်ကျသွားတယ်။ အဲဒီတတအိမ်လုံးပါသွားတဲ့ အိမ်တွေကတော့ သူတို့ဆွေမျိုးအိမ်တွေမှာ ကပ်နေရတယ်”လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်ရာမှာ  ည ၁၀ နာရီခွဲလောက်ကနေ  ၁၁ နာရီခွဲအချိန်ထိ ၁ နာရီလောက် ကြာမြင့်တဲ့အကြောင်းနဲ့ လေဘေးဒဏ်ခံရသူတွေအတွက် အစိုးရတာဝန်ရှိသူတွေထံက အကူအညီတွေမရသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။

ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးအောင်ညွန့်က “အကူအညီတွေလည်း လိုအပ်တာမျိုးလည်း ရှိတယ်။ အခုဆို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုလည်း တင်ပြတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြတယ်။ အခုထိတော့ ဘာမှ လာကူညီတာမျိုးတော့ မရှိသေးပါဘူး။ အဲဒါတွေကို မနေ့ကမှ စာရင်းလုပ်လို့ ပြီးသွားတာပါ။ တခြားရွာတော့ တွင်းပုပ်ရွာလည်း နည်းနည်းရှိတယ်။ တခြားရွာတွေလည်း အထိအခိုက်ရှိတယ်။ သူတို့လည်း မတင်ပြတော့ လမ်းအခက်အခဲလည်းရှိလို့ မသွားရောက်နိုင်ဘူး”လို့ ပြောပါတယ်။

ခုသီတင်းပတ်အတွင်း လေပြင်းတွေ တိုက်ခတ်မှုကြောင့်  ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့လည်း  အပျက်အစီးတွေ ရှိခဲ့ပါတယ်။

သတင်း-နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013