DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ခုနှစ် သင်္ကြန်ပွဲတော်ကို ယာဉ်ထိန်းရဲအင်အား တိုးမြှင့်ဆောင်ရွက်မည်
DVB
·
April 4, 2017
၂၀၁၇ ခုနှစ် သင်္ကြန်ပွဲတော်ကို ယာဉ်ထိန်းရဲအင်အား တိုးမြှင့်ဆောင်ရွက်မည်
Donate to DVB

 

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်မှာ စည်းကမ်းလိုက်နာမှု မရှိတဲ့ ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ယာဉ်အန္တရာယ် ဖြစ်ပွားမှုနှုန်းတွေ လျော့ကျဖို့အတွက် ယာဉ်ထိမ်းရဲတပ်ဖွဲ့အင်အား တိုးမြှင့် ချထားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲက ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းညွှန်မှုရှိလာရင်တော့ သင်္ကြန်ကာလအတွင်း နေ့တိုင်း မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ရန်ကုန်မြို့တွင်းလမ်းတချို့မှာ တလမ်းမောင်းစနစ် ကျင့်သုံးပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်းအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ယာဉ်တင်အသင့် ၆၀ ဦးစီနဲ့ အရေးပေါ် အချိန်အသုံးပြုနိုင်ဖို့ အင်အားတချို့ ထားရှိပြီး အရေးပေါ် ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းတွေမှာလည်း ၂၄ နာရီ တာဝန်ချထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလာရင် အလွယ်တကူ အမြန်ဆုံး သွားရောက် ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာအေးစေတီလမ်းဆုံနဲ့ ပါရမီလမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံ၊ မြို့တော်ခန်းမရှေ့ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံနဲ့ ဦးထောင်ဘိုအဝိုင်းမှာ ဆယ်တင်ယာဉ် ၆ စီး အသင့်ထားရှိသွားမယ်လို့ အမှတ် (၂) ယာဉ်ထိမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။

ယာဉ်မောင်းသူတွေအနေနဲ့လည်း အရက်သေစာ သောက်စား မောင်းနှင်ခြင်း၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်ခြင်း၊ အဆမတန် လူတင်ဆောင်ခြင်း၊ နံပါတ်မရသေးတဲ့ ယာဉ်အသစ်တွေနဲ့ ရေပက်ခံထွက်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ဘေးတံခါး နောက်ဖုံးများဖွင့်ပြီး မောင်းနှင်ခြင်း မပြုလုပ်ကြဖို့ကိုလည်း သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၁၅၈ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၉ ဦး၊ သေဆုံးသူ ၃၈ ဦးထိ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၄၀၊ ဒဏ်ရာရရှိသူ ၅၂ ဦး၊ သေဆုံးသူ ၁၃ ဦး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013