DVB Logo
Home
မြန်မာသတင်း
ရေးမြို့၌ တရားမဝင် အရက်၊ ဘီယာပါကင် ၁၄၆ သိန်းကျော်တန်ဖိုးခန့် ဖမ်းမိ
DVB
·
April 4, 2017
Donate to DVB

မွန်ပြည်နယ် ရေးမြို့ သီရိခေမာရပ်ကွက်၊ မြို့တော်ဦး ဘီးခွန်ကောက်ဂိတ်မှာ ဧပြီ ၄ ရက်နေ့ မနက်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ အဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဒါးရှင်းခိုင်နဲ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်လမြိုင်မှ ရေးမြို့ဘက်ကို တရားမဝင် သယ်ဆောင်လာတဲ့ အရက်နဲ့ ဘီယာပါကင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် အရက်၊ ဘီယာတွေ တင်ဆောင်လာတဲ့ Camter ကန်တာ ၆ ဘီးယာဉ်နဲ့  ရေးမြို့နေသူ ယာဉ်မောင်း ဦးတင့်နိုင်ဝင်း မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့် ရှာဖွေရာ ယာဉ်ပေါ်မှာ LEO တံဆိပ် ပါကင် ၄၀၀၊ Cham စာတန်းပါ ဘီယာ ပါကင်၂၀၊ Cheer တံဆိပ်ပါကင် ၂၀၊ singha စာတန်းပါ ဘီယာပါကင် ၁၀၀၊ Myanmar ဘီယာပါကင် ၂၀၊ Man Whi Sky ၅ ဖာ၊ Royak Ckub အရက်ဖာ ၅ ဖာ၊ New R P Rum ၃၀ ပါကင်၊ ရှောက်ပေါင်း ပါကင် ၂၀၊  စုစုပေါင်း ကာလတန်ဖိုး ၁၄၆ သိန်း ၁ သောင်းကျပ် သိမ်းဆည်းရမိခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမဝင် အရက်နဲ့ ဘီယာပါကင်များ လက်ဝယ်ထားရှိသူ ယာဉ်မောင်း ဦးတင့်နိုင်ဝင်းကို ရေးမြို့မရဲစခန်းမှ (ပ)၁၀၀/၂၀၁၇၊ ယစ်မျိုးဥပဒေ ပုဒ်မ-၃၀(က) အရ ဧပြီ ၄ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဒုရဲအုပ် ဒါးရှင်းခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့ ရေးမြို့မရဲစခန်းမှ သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013