DVB Logo
Home
ရွေးကောက်ပွဲ
ခန္ဓာကိုယ်ထွားလို့ sexy ဖြစ်ရတာပါဆိုတဲ့ လုလုအောင်
DVB
·
April 4, 2017
ခန္ဓာကိုယ်ထွားလို့ sexy ဖြစ်ရတာပါဆိုတဲ့ လုလုအောင်
Donate to DVB

ဧပြီလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန ပရဟိတရန်ပုံငွေအဖြစ် ‘လုလုအောင် ကြက်ကြော်စားရင်း လှူဒါန်းလိုက်ပါ’ ဆိုတဲ့ပွဲမှာ Sexy မော်ဒယ် လုလုအောင်ကို ဒီဗွီဘီသတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။

လုလုအောင်အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လာတာ တွေ့တယ်။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်လာတာလဲ။
“ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ ပထမက ကချင်စစ်ဘေးသင့်အတွက် လှုပ်ရှားတယ်။ နောက်ပိုင်းကျတော့ သူငယ်ချင်းတွေက ဘိုးဘွားရိပ်သာအတွက်လည်း လုပ်ချင်တယ်ဆိုပြီးတော့ အဲဒါလေးကိုလည်း လုပ်တယ်။ ပုသိမ်ပွဲကတော့ ပထမဆုံး လုပ်တာပါ။ လူတွေ လုကို ပိုစိတ်ဝင်စားမှု ရှိစေချင်တယ်။ ပရဟိတလေးပါတွဲပြီး လုပ်မယ်ဆိုရင် အကျိုးရှိတယ်။ ပိုပြီးတော့ ကောင်းတယ်။ ဒါတွေကိုလည်း ပုသိမ်ပြည်သူပြည်သားတွေအတွက် လှူဒါန်းသွားဖို့ ရှိပါတယ်။”

လူမှုရေးလုပ်ငန်းတွေ လုပ်လာတာ ဘယ်နှကြိမ်ရှိပြီလဲ ဘာတွေလုပ်ခဲ့လဲ။
“ပရဟိတဆိုရင် ဘာအလုပ်ပဲဖြစ်ဖြစ် လုလုအနေနဲ့ အမြဲတမ်း အဆင်သင့်ဖြစ်တယ်။ အမြဲတမ်း တက်တက်ကြွကြွ လုပ်ချင်တဲ့စိတ်က ဆန္ဒအပြည့်ရှိတယ်။ ပထမဆိုရင် ကချင်စစ်ဘေးရှောင်အတွက် လုပ်ဖြစ်တယ်။ တခြားတော့ ကဏ္ဍအသီးသီးပေါ့။ လူမှုရေးနဲ့ဆိုင်တဲ့ ကဏ္ဍအသီးသီး အားလုံးမှာ လုလုအောင်အနေနဲ့ ပါဝင်ချင်တယ်။ ကိုယ်ကလည်း ပါဝင်ချင်တယ်။ လုပ်နေတာလည်း သိတဲ့အချိန် အခြား အဖွဲ့တွေကလည်း ကိုယ်စီကိုယ်စီ ဆက်သွယ်ပြီးတော့ ပါဝင်ပေးဖို့ ဖိတ်ခေါ်ရင်းနဲ့ ပါဝင်ဖြစ်သွားတာပေါ့။”

လက်ရှိမှာ လုလုအောင်အနေနဲ့ ကိုယ် ယုံကြည်လျှောက်လှမ်းနေတဲ့ အနုပညာ လမ်းကြောင်းလေး ပြောပြပေးပါဦး။
“အနုပညာဆိုရင်တော့ photo shotting ပေါ့။ photo ပိုင်းကို ရိုက်ဖြစ်တာ များပါတယ်။ ကြော်ငြာဆိုရင်လည်း ရိုက်ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းကတော့ ကိုယ်ကလည်း သိပ်လက်ခံဖို့ အားမသန်ဘူး။ အရင်ကလည်း မလုပ်ဖြစ်ခဲ့တာကြောင့် photo shotting နဲ့ ကြော်ငြာဆိုရင်လည်း တိုတိုလေးပေါ့ ရိုက်ဖြစ်တယ်။”

နောက်ထပ်ရော ထပ်ပြီး ဘာတွေလုပ်ဖြစ်ဖို့ရှိလဲ။
“နောက်ထပ်လည်း ဒီ photo ပိုင်းတွေ ရိုက်ဖြစ်ဖို့ များတယ်။ ကြော်ငြာလေးတွေ ရိုက်ဖြစ်ဖို့ ရှိပါတယ်။”

အနုပညာတခု လုပ်တဲ့အခါမှာ ဘယ်လိုယုံကြည်ချက်နဲ့ လုပ်ဆောင်လဲ။
"ဘယ်လို ယုံကြည်ချက်နဲ့ လုပ်လဲဆိုတော့ ငယ်တဲ့အချိန်တုန်းကဆိုရင် အများကြီး လုပ်ချင်ခဲ့တယ်။ အဲဒီအချိန်တုန်းက အခုလိုမျိုး မီဒီယာလည်း သိပ်မခေတ်စားခဲ့ဘူး။ ကိုယ်က လုပ်ပေမယ့်လည်း အဲဒီလောက် ထိထိရောက်ရောက် မလုပ်ခဲ့ရဘူး။ အခုကျတော့ မီဒီယာကလည်း ပိုပြီးကျယ်ပြန့်လာတယ်။ အဲ့ဒါကြောင့်မို့ အနုပညာလုပ်တဲ့သူတွေအတွက် ပိုပြီးကောင်းမွန်လာတယ်လို့ ထင်တယ်။”

လုလုအောင်က တိုင်းရင်းသူတယောက်လည်း ဖြစ်တယ်။ မိခင်တစ်ယောက်လည်း ဖြစ်တယ်။ အချိန်တိုအတွင်းမှာ ဘာကြောင့် အောင်မြင်တယ်လို့ ထင်လဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သုံးသပ်မိလဲ။
“ဒီအလုပ်ကို စလုပ်ကတည်းက အောင်မြင်အောင် လုပ်တာလည်း မဟုတ်ဘူး။ ဓာတ်ပုံ ရိုက်နေရရင် ပျော်ရွှင်တယ်။ ဘာအလုပ်ပဲလုပ်လုပ် စိတ်ထဲမှာ ပျော်ရွှင်တဲ့စိတ်နဲ့ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ မအောင်မြင်ခဲ့သည်ရှိရင်တောင်မှ လူက အမြဲတမ်းကောင်းတဲ့ အတိတ်နိမိတ်တွေ အားလုံး ရောက်လာမယ် ထင်တယ်။ ကိုယ်ကလည်း ပျော်ရွှင်နေတဲ့သူ ဆိုတော့”

လုလုအောင်အနေနဲ့ တခါတလေ sexy ပုံတွေ ရိုက်တဲ့အခါမှာ ပတ်ဝန်းကျင် ပရိသတ်တွေက ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရတာတွေ ရှိလား။
“မြန်မာအမျိုးသမီးတယောက်အနေနဲ့ sexy ရိုက်မယ်ဆိုရင် ပြောကြ ဆိုကြတာတော့ ရှိတာပေါ့နော်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း ဝတဲ့အပိုင်းမှာ ပါတယ်။ ဘာပဲဝတ်ဝတ် ပိန်တဲ့ မိန်းကလေးတွေ ဝတ်တာထက်...... ပိန်တဲ့မိန်းကလေးတွေက အတိုဝတ်ရင် အဲဒီလောက်ကြီးထိ မဖြစ်ဘူး။ ကိုယ်ကလည်း ထွားတဲ့အခါကျတော့ ဘောင်းဘီတို ဝတ်ရင်လည်း ဘယ်လိုပြောရမလဲ၊ ပေါ်လွင်တယ်လို့ ပြောလို့ရမလား။ အတိုဝတ်တဲ့သူ အချင်းချင်းတောင်မှ ထွားတဲ့သူဝတ်ရင် ပိုပြီးတော့ သတိထားမိတယ်လို့ ထင်တယ်။"

အဲဒီလို ဝေဖန်မှုတွေရှိတော့ ဘယ်လိုစိတ်မျိုးနဲ့ ကိုယ့်အနုပညာအလုပ်ကို ဆက်လုပ်ရလဲ။
“ဝေဖန်တဲ့သူကလည်း ရှိတယ်ပေါ့။ ဒါပေမယ့်လည်း ကိုယ်ကလည်း အရင်ကတည်းက ဘယ်လိုပြောရမလဲ၊ ကိုယ်လုပ်ချင်တာကို လုပ်လိုက်တယ်။ စိတ်ကို ရှင်းရှင်းလေးပဲ။ ဓာတ်ပုံရိုက်တာ ပျော်ရွှင်တယ်။ ပျော်ရွှင်လို့ လုပ်လိုက်တယ်။ ကိုယ်သဘောကျတဲ့ အလုပ်ကို လုပ်လိုက်ရတဲ့အတွက် ပျော်ရွှင်သွားတယ်။ ဘယ်သူတွေ ဘာပြောလို့ စိတ်ထဲမှာတော့ ဘာမှမဖြစ်ဘူး။”

လက်ရှိ စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးအပေါ်မှာ ထားတဲ့ သဘောထားက ဘာလဲ။ ကွန့်မန့်လေး ပေးပေးပါ။
“ငြိမ်းချမ်းရေးကလည်း ရချင်တယ်။ ရစေချင်တာလည်း ကြာပြီပေါ့။ ပင်လုံညီလာခံတွေလည်း လုပ်နေပြီ။ လုပ်မယ်လို့လည်း ကြားတယ်။ အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်။ တိုင်းပြည်ကို စစ်တွေ ဘာတွေလည်း ချုပ်ငြိမ်းစေချင်တယ်။ စစ်ရှောင်တဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း အမြန်ဆုံး ချုပ်ငြိမ်းပြီးတော့ သူတို့ရဲ့ စွန့်ခွာခဲ့ရတဲ့ အိမ်တွေကို ပြန်ရောက်ရှိစေချင်တယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေက ငြိမ်းချမ်းမှ ဖြစ်ပေါ်လာမှာလေ အမြန်ဆုံး ငြိမ်းချမ်းစေချင်ပါတယ်။”

အွန်လိုင်းတွေမှာ တိုင်းရင်းသားအချင်းချင်း အမုန်းစကားတွေ ပွားနေတဲ့အပေါ်ကိုရော ဘယ်လို မြင်မိလဲ။
“အွန်လိုင်းမှာကျတော့ မမြင်ရဘဲနဲ့တင်လို့ ပြောလို့ ရတာလည်း ရှိတယ်။ သူတို့ရဲ့ အထင်အမြင်ကလည်း ရှိတယ်။ တကယ် ဟုတ်လား၊ မဟုတ်လား မသေချာဘဲနဲ့ အမုန်းစကားတွေ မလုပ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းဖို့ အားလုံးအတူတူ လက်တွဲပါဝင်စေချင်တယ်။ ချစ်ခြင်းမေတ္တာပြည့်ဝတဲ့ အဲဒီလိုမျိုးတွေပဲ ပိုပြီးပြောစေချင်တယ်။ အမုန်းစကားတွေ မပြောစေချင်ဘူး။

တိုင်းရင်းသား ၁၃၅ မျိုး ရှိတယ်။ ကိုးကွယ်တဲ့ ဘာသာတွေကလည်း မတူကြဘူး။ အဲဒီလို လူမျိုး၊ ဘာသာမတူကြဘဲ အမုန်းစကားတွေ ပြောနေတဲ့အပေါ်ကိုရော ဘယ်လို မြင်လဲ။
“လူမျိုး တမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခုက ယုံကြည်မှုတွေ မတူဘူး။ ထုံးတမ်း အစဉ်အလာကလည်း မတူဘူး။ တယောက်နဲ့တယောက် သူရဲ့လူမျိုး သူရဲ့ဘာသာကို လေးစားမှုလေးတွေ ပြမယ်။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကိုလည်း လေးစားမှုတွေ ပြရမယ်။ အချင်းချင်း လေးလေးစားစားနဲ့ ဆက်ဆံမယ်ဆိုရင် အကောင်းဆုံးပဲလို့ မြင်တွေ့ပါတယ်။”

ဒီဗွီဘီ ပရိသတ်အတွက် နှစ်သစ်ဆုမွန်ကောင်းလေး တောင်းပေးပါဦး။
“နှစ်သစ်မှာ အားလုံး ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ဘေးအန္တရာယ်ကင်းပြီးတော့ နှစ်သစ်မှာ ပျော်ရွှင်စွာ မိသားစုနဲ့ ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ဓာတ်ပုံ - မင်းမင်း ၊ သူရကျော်
မေးမြန်း - ကိုအောင်ထွန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013