DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရန်ပုံငွေ ကျပ် ၁၄ ဘီလီယံခန့်ရရှိ၊ ပြည်သူသို့ကျေးဇူးတင်လွှာထုတ်ပြန်
DVB
·
April 4, 2017
ငြိမ်းချမ်းရေးရန်ပုံငွေ ကျပ် ၁၄ ဘီလီယံခန့်ရရှိ၊  ပြည်သူသို့ကျေးဇူးတင်လွှာထုတ်ပြန်
Donate to DVB

ငိမ်းချမ်းရေးရန်ပုံငွေ ကျပ် ၁၄ ဘီလီယံလောက်ရရှိခဲ့ကြောင်းနဲ့ ထဲ့ဝင်လှူဒါန်းကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေဘဏ်စာရင်း စတင်ဖွင့်လှစ်ခဲ့တဲ့ ဇန်န၀ါရီ ၉ရက်ကနေ မတ် ၂၀ရက်အထိ ရန်ပုံငွေကျပ် ၁၃ဒသမ ၉၄၈ ဘီလီယံ လောက် ရရှိခဲ့လို့ အထူးအံ့သြ၀မ်းမြောက်ဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခုလို ပြည်သူတွေက ငြိမ်းချမ်းရေး ရန်ပုံငွေ ထည့်ဝင်တာဟာ ခွန်အားဖြစ်စေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျမတို့ရဲ့ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စင်တာအတွက် ပြည်သူတွေကို အလှူခံလိုက်တဲ့အခါ ကာလတိုတို လေးအတွင်းမှာ အခုဆိုလို့ရှိရင် ကျမတို့ဟာ ၁၄ ဘီလီယံ ကျပ်တောင်မှ ရရှိနေပါပြီ။ ဒီရန်ပုံငွေကိုဝိုင်းပြီးထည့်ကြတဲ့အထဲမှာ လုပ်ငန်းရှင်ကြီးတွေတင် မဟုတ်ပါဘူး။ ပြည်သူတွေလည်း ပါပါတယ်။ ကျမသဘောအကျဆုံးက ဟိုနားက ငါးထောင်၊ ဒီနားက တစ်သောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို ပြည်သူတွေက ၀ိုင်းဝန်းပြီးတော့ ကျမတို့ ၀န်းရံကြတာ။ အဲ့ဒါဟာ ငြိမ်းချမ်းရေးရန်ပုံငွေအတွက်တွင် မဟုတ်ပါဘူး။ ကျမတို့ ကြိုးပမ်းမှုတွေအတွက် အင်မတန်မှ အားဖြစ်စေပါတယ်။”

မြန်မာပြည်အနှံ့က ပြည်သူတွေရဲ့ လှူဒါန်းမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက် တောင့်တမျှော်လင့်နေကြတယ်ဆိုတာ ဖော်ပြရာရောက် တယ်လို့လည်း ဧပြီ ၃ ရက်ထုတ် အမျိုးပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေ ရှာဖွေရာမှာ ပြည်တွင်းက ငြိမ်းချမ်းရေးမြတ်နိုးတဲ့ တိုင်းရင်းသားပြည်သူတွေ တတ်အား သရွေ့ထည့်ဝင် လှူဒါန်းဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ် ၊ နေပြည်တော်ဘဏ်ခွဲ ၊ ငွေစုဘဏ်စာရင်း SF- ၀၀၄၀၄၈ နဲ့ စာရင်းရှင် ငွေစာရင်း CF ၀၀၃၄၃၄ တို့ကို ဖွင့်လှစ်ပြီး ငွေသားနဲ့လှူဒါန်းမှုတွေကို လက်ခံဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013