DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းမှာ ဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် ပျောက်ဆုံးမှု စုံစမ်းနေ (ရုပ်သံ)
DVB
·
April 4, 2017
မကွေးတိုင်းမှာ ဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် ပျောက်ဆုံးမှု စုံစမ်းနေ (ရုပ်သံ)
Donate to DVB

မကွေးတိုင်း အစိုးရအနေနဲ့ အရင် တိုင်းအစိုးရ လက်ထက်က ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းနေပြီး မကြာခင် ထုတ်ပြန်သွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးနေမျိုးကျော်က ထုတ်ဖော်ပြောကြားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရနဲ့ မကွေးတိုင်းဒေသကြီးအစိုးရတို့အကြား ပေါင်းစပ် ညှိနှိုင်း စစ်ဆေးနေကြောင်း ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီဗွီဘီဒီဘိတ် ဆွေးနွေးပွဲမှာ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးနေမျိုးကျော်က ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရံပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013