DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ပရိုဘောက်စ်ယာဉ် ၁ စီး တံတားပေါ်မှ ထိုးကျတိမ်းမှောက်
DVB
·
April 4, 2017
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄၂/၄ နဲ့ ၂၄၂/၅) အကြားမှာ ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အဖြူရောင် ပရိုဘောက်စ်ယာဉ်တစီး တံတားအောက်ကို ထိုးကျတိမ်းမှောက်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မန္တလေးဘက်မှ နေပြည်တော်ဘက်ကို ဝေါမြို့၊ သစ်စက်ရပ်ကွက်နေသူ ယာဉ်မောင်း မျိုးဝင်းညွန့် မောင်းနှင်လာတဲ့ ပရိုဘောက်စ် အဖြူရောင် ယာဉ်ဟာ အရှိန်ထိန်းနိုင်ဘဲ ဆင်သေတံတားထိပ်မှာ ကာထားတဲ့ ကွန်ကရစ်တိုင်ကို တိုက်မိပြီး တံတားအောက်ကို ထိုးကျ တိမ်းမှောက်ခဲ့တာပါ။

ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး လိုက်ပါလာပြီး နှစ်ဦးမှာ သာမန် ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်ရာကို ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်း မျိုးဝင်းညွန့်ကို ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013