DVB Logo
Home
မြန်မာသတင်း
ရှေ့လုပ်ငန်းစဉ် အဆုံးသတ်ပြီး ကေအန်ယူရွေးကောက်ပွဲဆက်လုပ်မည်
DVB
·
April 4, 2017
ရှေ့လုပ်ငန်းစဉ် အဆုံးသတ်ပြီး ကေအန်ယူရွေးကောက်ပွဲဆက်လုပ်မည်
Donate to DVB

 

ကျင်းပဆဲ ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်မှာ ဒီကနေ့ ရှေ့လုပ်ငန်းစဉ်တွေကို အပြီးသတ် ဆွေးနွေးအတည်ပြုပြီး မနက်ဖြန် ရွေးကောက်ပွဲ စတင်လုပ်ဆောင်မယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

မနေ့ကတည်းက နောက်ထပ် ၄ နှစ်မှာ လုပ်ဆောင်မယ့် ကေအန်ယူရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပြီး ဒီနေ့ ကျန်ရှိနေသေးတဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးအတည်ပြုမယ်လို့ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“ရှေ့လုပ်ငန်းစဉ်တွေမှာ ကေအန်ယူ တောင့်တင်းခိုင်မာရေး၊ ကရင်အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ကရင်အမျိုးသားတော်လှန်ရေး တောင့်တင်းကြံ့ခိုင်ရေးလုပ်ငန်း၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု၊ နိုင်ငံရေးတိုက်ပွဲ မြှင့်တင်ရေးလုပ်ငန်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ပညာရေးနဲ့ ယဉ်ကျေးမှုလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်း အဲဒါ စကားအများကြီး ပြောရဦးမယ်။”

ဒါ့အပြင် စီးပွားရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းစွန့်ခွာသူများအပေါ် သဘောထား၊  ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် သဘောထား အစရှိတဲ့ အချက်တွေကို ဒီကနေ့ ဆက်လက်ဆွေးနွေးပြီး အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။

ရှေလုပ်ငန်းစဉ်တွေ ပြီးရင်တော့ ရွေးကောက်ပွဲအတွက် အဆိုတင်သွင်းမှုကော်မတီကို ဖွဲ့စည်းပြီး ကရင်အမျိုးသားအစည်းအရုံးရှဲု့ နောက် ၄ နှစ် တာဝန်ထမ်းဆောင်မယ့် ဗဟိုကော်မတီတွေကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကေအန်ယူဗဟိုကော်မီတီကို ၄၅ ဦးနဲ ဖွဲ့စည်းရာကနေ အခု ကွန်ဂရက်မှာတော့ ၅၅ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ ဆွေးနွေးအတည်ပြုထားပါတယ်။

ဗဟိုကော်မတီ ၅၅ ဦးထဲမှာ အမျိုးသမီး အနည်းဆုံး ၃ ဦး မဖြစ်မနေ ပါဝင်ဖို့နဲ့ ဗဟိုကော်မတီထဲမှာ အမျိုးသမီး ၁၃ ဦးအထိ တင်သွင်းနိုင်ကြောင်းလည်း အတည်ပြု ဆုံးဖြတ်ထား ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်ကို မတ်လ ၁၄ ရက်နေ့က စတင်ခဲ့ပြီး သတင်းပတ် ၃ ပတ်ကျော် ကြာလာတဲ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။

အခုတပတ်မှာတော့ အပြီးသတ် လုပ်ဆောင်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ဗဟိုကော်မတီဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013