DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုအားနည်းတာဟာ မဲဆန္ဒရှင်အသိပညာပေးမှု အားနည်းဟု ANFREL အဖွဲ့ဆို
DVB
·
April 3, 2017
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုအားနည်းတာဟာ မဲဆန္ဒရှင်အသိပညာပေးမှု အားနည်းဟု ANFREL အဖွဲ့ဆို
Donate to DVB

 

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲလာရောက်ပေးသူတွေ နည်းပါရတာဟာ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း အားနည်းတာကြောင့်ဖြစ်တယ်လို့ ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ Asian Network for Free Elections (ANFREL) အဖွဲ့က အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Mr. Damaso Magbual က ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများအပေါ် တရားဝင်သတင်း ထုတ်ပြန်ခြင်း၊ ကြားဖြတ်တွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ရွေးကောက်ပွဲမှာ လာရောက်မဲပေးတဲ့ အရေအတွက်နည်းတာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် အဓိက အချက်နှစ်ချက်တွေ့ရပါတယ်။ လှိုင်သာယာမြို့နယ်မှာဆိုရင် လာရောက်မဲပေးသူ အရေ အတွက်က ၁၂.၂၆ ရာခိုင်နှုန်းပဲရှိတယ်။ အင်မတန်ကို နည်းပါတယ်။ နည်းရတဲ့ အကြောင်း အရင်းကတော့ နံပါတ် ၁ ကတော့ ရွေးကောက်ပွဲထဲမှာ ကြားဖြတ်ရွေးကောက်ပွဲဆိုရင် စိတ်ဝင်စားမှု နည်းပါတယ်။ စိတ်ဝင်စားမှုအားနည်းတာကြောင့် ပါဝင်အားနည်းတယ်ဆိုတာ ကျနော်တို့ နားလည် ပါတယ်။ ဘာလို့ ကြားဖြတ်ရွေးကောက်ပွဲလုပ်နေမှာလည်း အစိုးရလဲပြောင်းသွားမှာ မဟုတ်ဘူး။ လွှတ်တော်ထဲမှာလည်း အပြောင်းအလဲဖြစ်သွားမှာမဟုတ်ဘူးဆိုပြီး မထည့်တာလည်း ဖြစ်နိုင်ပါ တယ်။ နံပါတ် ၂ ကတော့ မဲဆန္ဒရှင်တွေကို အသိပညာပေးမှုအားနည်းတာကြောင့်ပါ။ UEC က လည်းကောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကဖြစ်ဖြစ် မဲပေးရမယ်ဆိုတဲ့ အသိပညာပေးတာ မထိရောက်လို့ အားနည်းတာကြောင့်လို့ပြောလို့ရပါတယ်” လို့ Mr. Damaso Magbual က ဆိုပါတယ်။

အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို အမှားကင်းအောင် အခုထက်ပိုမို လုပ်ဆောင်သင့်တယ်လို့ ANFREL အဖွဲ့က ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ ANFREL အဖွဲ့ဟာ ရွေးကောက်ပွဲသရုပ်ခွဲပညာရှင် ၂ ဦးအပါအဝင် ကာလတိုစောင့်ကြည့်လေ့လာသူ ၁၃ ဦးတို့နဲ့ မဲဆန္ဒနယ်မြေ ၁၉ ခုမှာရှိတဲ့ မဲရုံ ၁၉၄ ရုံကို့ စောင့်ကြည့်လေ့လာခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013