DVB Logo
Home
မြန်မာသတင်း

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

DVB
·
April 3, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဈေးတွေထဲကနေ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို မနေ့က သိမ်းဆည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းတော်မြို့နယ် စားသုံးသူရေးရာဌာနက ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းရှိ ဈေးတွေမှာ  ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တဲ့ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေကို ဧပြီ ၃ ရက် မနက် ၁၁ နာရီလောက်က အင်းတော်မြို့အထွက် နားခါလယ်ကွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။

“အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ မော်လူးဈေး၊ မဲဇာဈေး၊ နဘားဈေးတွေကို နိုင်ငံတော်က တားမြစ်ထားတဲ့ စားသုံးရန်မသင့်တဲ့ ပစ္စည်းတွေ ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါ တယ်။ ကွင်းဆင်းစစ်ဆေးတဲ့အချိန်မှာ တွေ့ရှိတဲ့ ပစ္စည်းတွေကို နမူနာ သိမ်းဆည်းပြီး ဒီနေ့ ပူးပေါင်းဌာနများနဲ့ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်”

အင်းတော်မြို့နယ်အတွင်းရှိ ဈေးတွေမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေကို အဏုဇီဝဓာတ်ကြွယ်ဝတဲ့ ခေါက်ဆွဲ အစိမ်းထုပ်တွေကို မရောင်းချဖို့၊ ရက်လွန်မှိုတက် ဆိုးဆေး အလွန်အကျွံ သုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းဖို့ ဆွေးနွေး အသိပညာပေးတာတွေ၊ ခေါက်ဆွဲအစိမ်းထုပ် နမူနာ သိမ်းဆည်းတာတွေ၊ သတိပေးတားမြစ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေ၊ သက်တမ်းလွန်ဆေးဝါးတွေ ရောင်းချနေတာ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းပြီး ပူးပေါင်းအဖွဲ့နဲ့ မီးရှို့ဖျက်ဆီးသွားမယ်လို့ အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013