DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးဘေး ဖုန်းတိုင်များက ပစ္စည်းခိုးယူသူ ၂ ဦး ဖမ်းမိ
DVB
·
April 3, 2017
Donate to DVB

အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၈၅ မိုင်ကနေ မိုင် ၉၀ အကြားရှိ OOREDOO နဲ့ TELENOR တာဝါတိုင်တွေက ဘက်ထရီအိုးတွေနဲ့ ကေဘယ်ကြိုးတွေ ဖြုတ်ခိုးသူ ၂ ဦးကို လှည်ကူးမြို့နယ် အမှတ် (၃) တိုးဂိတ်မှာ မနေ့ ညနေ ၆ နာရီလောက်က ဖဒိုနယ်မြေရဲစခန်းက သိရပါတယ်။

အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတွေဟာ မိုင်တိုင်အမှတ် ၀/၂  ရှိ မော်တော်ယာဉ်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ OOREDOO တာဝါတိုင်မှ ဘက်ထရီအိုးနဲ့ ကေဘယ်ကြိုးတွေ ခိုးယူခံထားရကြောင်း လာရောက် သတင်းပေးတိုင်ကြားတဲ့အတွက် အမှတ်(၃)လမ်းဆုံတိုးဂိတ်မှာ စောင့်ဆိုင်းစစ်ဆေးခဲ့ပါတယ်။

နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်းအောင်ဇင်ဟိန်း (အောင်မင်္ဂလာ ၃ လမ်း ဒလမြို့နယ်) နေသူမောင်းနှင်ပြီး ဖြိုးကျော် (သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်)နေသူ လိုက်ပါလာတဲ့ ယာဉ်ကို စစ်ဆေးရာ ၁၂ ဗို့ ဘက်ထရီ  ၅ လုံး၊ ပေ ၄၀  လောက်ရှိကေဘယ်ကြိုး ၄ ချောင်း၊ ဖိုက်ဘာ ဦးထုပ်တလုံး၊ လက်သမားသုံးသေတ္တာနဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ဆက်လက် စစ်ဆေးရာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅ မိုင်နဲ့ မိုင် ၉၀ အကြားရှိ OOREDOO၊ TELENOR တာဝါတိုင်တွေက ဖြုတ်ယူလာတာ သိရတဲ့အတွက် ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်အကြောင်းကြားကာ ဖမ်းဆီးရမိသူ ၂ ဦးဆီက သက်သေခံပစ္စည်းတွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်မေမြန်းရာမှာ "ဟုတ်ပါတယ်။ အခုမှ သူတို့အစီအစဉ်တွေ ဆွဲတုန်းပါ။ အမှုဖွင့်ဖို့ လုပ်နေကြတယ်။ ကျန်တဲ့ဟာတွေပါ လိုက်စုံစမ်းပြီး အမှုဖွင့်ဖို့ လုပ်နေတုန်း။ အချက်အလက်တွေရရင် ပြန်ပြောပေးပါ့မယ်။ အခုတော့ အမှုဖွင့်ဖို့ လုပ်နေတုန်းပါ" လို့ ဖဒိုနယ်မြေရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013