DVB Logo
Home
မြန်မာသတင်း
အလောင်းမင်းတရားကြီး၏ ရွှေပေလွှာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ခဲ့
DVB
·
April 3, 2017
အလောင်းမင်းတရားကြီး၏ ရွှေပေလွှာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ခဲ့
Donate to DVB

 

ဒုတိယမြောက်ဂျော့ဘုရင်ကို အလောင်းမင်းတရားကြီး ပေးပို့ခဲ့တဲ့ ရွှေပေလွှာကို ယူနက်စကို (UNESCO)ရဲ့ Memory of the World Register မှာ အပြီးသတ်ထည့်သွင်းနိုင်ခဲ့တဲ့ အခမ်းအနားကို မတ်လ ၂၉ ရက်နေ့ ဂျာမနီနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ Gottfried Wilhlem Leibniz စာကြည့်တိုက်မှာ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျက ဗြိတိသျှအင်ပါယာ ဒုတိယမြောက် ဂျော့ဘုရင်နဲ့ ဟန်နိုဗာမြို့စားထံကို ၁၇၇၆ ခုနှစ်က ပေးပို့ခဲ့တဲ့ ရွှေပေလွှာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) ရဲ့ Memory of the World Register မှာ အပြီးသတ် ထည့်သွင်းနိုင်ခဲ့တဲ့ အခမ်းအနားကို ပြီးခဲ့တဲ့ မတ် ၂၉ ရက် ကျင်းပပြုလုပ်ခဲ့တာပါ။

အခမ်းအနားမှာ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါ်ယဉ်ယဉ်မြင့်မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ယူနက်စကိုရဲ့ မှတ်တမ်းလွှာကို ရွှေပေလွှာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် သတ်မှတ်ပေးဖို့ အဆိုပြုခဲ့တဲ့ ဗြိတိသျှစာကြည့်တိုက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟန်နိုဗာမြို့ Gottfried Wilhlem Leibniz စာကြည့်တိုက်တို့ရဲ ကိုယ်စားလှယ်တွေက လက်ခံရယူခဲ့ကြပါတယ်။

ရွှေပေလွှာကို အလောင်းမင်းတရားကြီးက ဒုတိယမြောက်ဂျော့ဘုရင် (King George the Second of Great Britain) သို့ ပေးပို့ခဲ့ပြီး ရွှေပေလွှာပေါ်မှာ သူ့ရဲ့ မင်းနေပြည်တော်အတွင်း ကုန်သွယ်မှုစခန်းတခု ဖွင့်လှစ်ဖို့နဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်မှုအဓွန့်ရှည်ရေး ရှေးရှုဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

ဒုတိယမြောက်ဂျော့ဘုရင်ဟာ ရွှေပေလွှာကို သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဟန်နိုဗာမြို့ပြတိုက်မှာ သိမ်းဆည်းဖို့ ပေးပို့ခဲ့ပါတယ်။ နှစ်ပေါင်း ၂၅၀ အကြာမှာမှ ရွှေပေလွှာဟာ မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာ့နိုင်ငံရေးကို မီးမောင်းထိုးပြသနိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ဖြစ်ကြောင်း သိရှိခဲ့ပြီး ၂၀၁၄ ခုနှစ် မြန်မာ-ဂျာမနီနိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပည့် အခမ်းအနားမှာ ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြသခဲ့ပါတယ်။ ရွှေပေလွှာရဲ့ 3D ပုံရိပ်ဖြင့် Digital Version ကို မြန်မာနိုင်ငံကို ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဓာတ်ပုံ - မြန်မာသံရုံး (ဘာလင်မြို့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013