DVB Logo
Home
မြန်မာသတင်း
စား​တော်​​ငယ်ေ​လှပြိုင်​ပွဲနှင့် ဆလုံ(ခ)​မော်​ကင်းရိုးရာနတ်​ပွဲကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
April 3, 2017
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာမှာ ဆလုံ (ခ) မော်ကင်းရိုးရာနတ်ကပွဲနဲ့အတူ စားတော်ငယ်လှေပြိုင်ပွဲကို မတ် ၃၁ ရက်က ကျင်းပသွားခဲ့ပါတယ်။

လှေပြိုင်ပွဲကို ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်သူ ကျား ၁၁ ဦး မ ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ မနွေးနွေးအောင်ရင်က “နှစ်စဉ်ကျင်းပနိုင်ဖို့ လူအင်အားငွေအင်အား နိုင်တဲ့ဖက်ကနေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပေးသွားမယ်”လို့ ပြောပါတယ်။

ပွဲတော်ကိုလာရောက်တဲ့ ဒေသခံရွာသားတဦးက “ကျေးရွာသူရွာသားတွေကတော့ စားတော်ငယ် လှေပြိုင်ပွဲကို ရိုးရာနတ်ကပွဲနဲ့အတူ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာသာ ရိုးရာနတ်ကပွဲတော်ကို ကျင်းပကြပြီး ပွဲတော်ကျင်းပဖို့ အဓိကအရာကတော့ ပင်လယ်လိပ်ကို ဖမ်းမိမှ နတ်ကပွဲကို ၃ ရက်ကနေ ၇ ရက်အထိ ကျင်းပတာဖြစ်ပါတယ်။ အနီးတဝိုက်ကကျွန်းတွေဖြစ်ကြတဲ့ ညောင်ဝီးကျွန်း၊ ဇျာလန်းကျွန်းမှ ဆလုံလူမျိုးတွေ လာရောက်ကြပါ တယ်။ ဒီအနီးဝန်းကျင်မှာ ဆလုံလူဦးရေ ၈၀၀ လောက် ရှိတယ်”လို့ ပြောပါတယ်။

ရိုးရာနတ်ကပွဲကိုတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားများ ရေးရာဝန်ကြီး ဦးစောလုကာက  ငွေကြေး အပြည့်အ၀ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ဆလုံရိုးရာနတ်ကပွဲကို မကြုံဂလက်ကျေးရွာရဲ့အရှေ့ဖက်မှာတကြိမ်၊ အနောက်ဖက်မှာတကြိမ်၊ သင်္ချိုင်းမြေမှာ တကြိမ် ကျင်းပတာဖြစ်ပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013