DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံသုံးစွဲ
DVB
·
April 3, 2017
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်ငွေ  ၁ ဒသမ ၆ ဘီလီယံသုံးစွဲ
Donate to DVB

 

ဧပြီ ၁ရက်က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၁၉ နေရာအတွက် နိုင်ငံတ၀န်း  ၂၂ မြို့နယ်မှာပဲ   ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲအပေါ် လူများစိတ်ဝင်စားမှုနည်းပါးခဲ့သလို မဲလာပေးသူအရေအတွက်လည်း နည်းပါးခဲ့တာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူ နည်းပါးရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူးချုပ် ဦးတင့်ထွန်းက အခုလို ပြောပါတယ်။

“သာမန်အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ အထွေထွေရွေးကောက်ပွဲဆိုရင် စိတ်ဝင်စားမှုက ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ အားနည်းတဲ့သဘာဝ ရှိပါတယ်။ နောက်တခါ ကြားဖြတ် ရွေးကောက်ပွဲမှာ ကျင်းပပေးလိုက်တာက ပြည်သူ့လွှတ်တော်အတွက် ၉ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၇ နေရာပေါ့။ ဒီလွှတ်တော် သုံးရပ်ကိုမှ ၁၉ နေရာ ကျင်းပတဲ့အခါကျတော့ လွှတ်တော်တရပ်ချင်းစီမှာ လစ်လပ်သွားတဲ့ နေရာတွေက ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့တိုင်အောင် ဥပဒေပြုတဲ့ အခန်းကဏ္ဍရာယ်၊ အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲကဏ္ဍတွေကို ဘယ်လိုမှ အဆုံးအဖြတ် ပေးနိုင်တဲ့ အနေအထားမျိုးတွေ မရှိပါဘူး။ ဒါလည်း တချက်ပါတယ် ထင်ပါတယ်။”

ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုတွေ အားနည်းတာဟာလည်း မဲလာပေးသူနည်းရတဲ့ အကြောင်းရင်းတခုဖြစ်တယ်လို့ ကော်မရှင် ညွန်ကြားရေးမှူးချုပ် ဦးတင့်ထွန်းကပြောပါတယ်။

“နောက်တခါ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တဲ့ အတွက်ကြောင့်မို့လို့ မြို့နယ်အားဖြင့်လည်း ၂၂ မြို့နယ်မှာပဲ လုပ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရော သူတို့ရဲ့ မိခင်ပါတီတွေကရော အထွေထွေရွေးကောက်ပွဲလောက် စည်းရုံးလှုံ့ဆော်မှုတွေ သိပ်မတွေ့ရ ဘူး။ ကြားဖြတ်မှာလေ။ အထွေထွေမှာ အောင်နိုင်ရေးကော်မတီတွေဖွဲ့ပြီး တော်တော်လေးကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ အပြိုင်အဆိုင်တွေ ကျင်းပကြတဲ့အခါကြတော့ ဒါကြောင့်လည်း ပါမယ်လို့ ယူဆပါတယ်။”

ဧပြီ ၁ ရက်နေ့က ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၁၉ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာနဲ့ ရခိုင် အမျိုးသားပါတီက ၁ နေရာ အသီးသီး အနိုင်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013