DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ကွန်တိန်နာယာဉ်တစ်စီး တိမ်းမှောက်
DVB
·
April 2, 2017
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ကွန်တိန်နာယာဉ်တစ်စီး တိမ်းမှောက်
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၆/၁ နဲ့ ၃၃၆/၂ အနီးမှာ ကွန်တိမ်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို စောချစ်ထွန်း မောင်းနှင်လာတဲ့ အဝတ်အထည်တွေတင် ကွန်တိန်နာယာဉ်ဟာ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၃၃၆ မိုင် ၁ ဖာလုံနဲ့ ၂ ဖာလုံအကြားအရောက်မှာ ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံ ထားတဲ့ သံဘောင်အားဝင်တိုက်မိပြီးနောက် တံတားထိပ်ရှိ ကျောက်စာတိုင်အား ဆက်လက်တိုက်မိကာ ပက်လက်လန်တိမ်းမှောက်သွားခဲ့တာလို့ စကားအင်အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ယာဉ်နောက်လိုက် စည်သူထွန်းမှာတော့ အနည်းငယ်ဒဏ်ရာတွေ ရရှိသွားလို့ ဆေးကုသမှု ခံယူခဲ့ရပြီး ကွန်တိန်နာယာဉ်မှာ ဘော်ဒီအပေါ်ပိုင်းတခုလုံး ပျက်သွားသွားတယ်လို့ ဆိုပါတယ်။

"ဒဏ်ရာကတော့ သာမန်ဒဏ်ရာလောက်ပါပဲ။ ခြေထောက်လေး နည်းနည်းပွန်းပဲ့သွားတာ ဒီလောက်ပါပဲ။ ယာဉ်မောင်းအပါအဝင် နှစ်ဦးပေါ့။ တစ်ယောက်ဒဏ်ရာရတယ်၊ ပါလာတဲ့စပါယ်ယာပါ။ အိပ်ငိုက်တာ အိပ်ငိုက်ပြီးတော့ တံတားက ဆိုင်းဘုတ်တို့ တံတားလက်ရန်းကို တိုက်မိသွာတာ။"

ယာဉ်အားမဆင်မခြင် မောင်းနှင်တဲ့ ယာဉ်မောင်း စောချစ်ထွန်းအား စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၇/ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ-အမြန်လမ်း မီးသတ်တပ်ဖွဲ့ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013