DVB Logo
Home
မြန်မာသတင်း
လစ်လပ်မဲဆန္ဒနယ်အားလုံး အနိုင်မရခဲ့တဲ့အခြေနေကို ဦးဝင်းထိန်နှင့်မေးမြန်းချက်
DVB
·
April 2, 2017
လစ်လပ်မဲဆန္ဒနယ်အားလုံး အနိုင်မရခဲ့တဲ့အခြေနေကို ဦးဝင်းထိန်နှင့်မေးမြန်းချက်
Donate to DVB

ဧပြီ ၁ ရက်နေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်အခြေနေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

“မနိုင်ရတဲ့ အကြောင်းအရင်းတွေက မဲပေးတဲ့လူတွေ လာမဲမပေးတာ။ အဲ့ဒါက အဓိကပဲ။ ရန်ကုန်လိုနေရာမျိုးမှာတောင် ၃၀ ရာခိုင်နှုန်းလာက်ပဲ မဲလာပေးကြတယ်။ အရင် ၂၀၁၅ တုန်းကဆို ၆၀ ရာခိုင်နှုန်းကျော် တချို့နေရာတွေဆို ၇၀ ရာခိုင်နှုန်းလောက်အထိ မဲလာပေးကြတယ်။ ပြောစရာရှိတာတော့ ရခိုင်ပါတီက ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားတွေက ရခိုင်ပါတီက ကိုယ်စားလှယ်ကို မဲပေးတယ်ဆိုတဲ့ သဘောကို နားလည်တယ်ပေါ့။ ချောင်းဆုံမှာကတော့ ရှုံးတဲ့ အထဲမှာ မဲပေးတဲ့လူတွေ လာမဲမပေးတာရယ်၊ မွန်ပါတီတွေ အားနည်းတာရယ်၊ မွန်ပါတီက နှစ်နေရာ နှစ်ယောက် နှစ်ခုဝင်ပြိုင်တယ်။ အဲတော့ ချောင်းဆုံမြို့နယ် ရှုံးတဲ့ ကိစ္စက အကျယ်ကျယ် တွေပြောစရာရှိတာပေါ့။”

အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ချောင်းဆုံမြို့နယ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၁၈ နေရာမှာ ၉ နေရာသာ အနိုင်ရရှိခဲ့ပြီးတော့ ချောင်းဆုံ၊ အမ်းမြို့နယ်၊ မှိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တွေက လစ်လပ်နေရာတွေမှာတော့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ရှုံးနိမ့်ခဲ့မှုနဲ့ပတ်သက်ပြီးလည်း ဦးဝင်းထိန်က “ရှမ်းပြည်မှာတော့ အန်ကယ်တို့ ထင်တိုင်း မပေါက်ဘူး။ မပေါက်တဲ့ အဓိက အကြောင်းကတော့ ရှမ်းဘာသာ စကား မတတ်တာ၊ သူတို့ဆီမှာ လူဆယ်ယောက်ရှိရင် နှစ်ယောက်လောက်ပဲ မြန်မာလိုတတ်တယ်။ ကျန်တဲ့ ရှစ်ယောက်က မရဘူး။ သွားပြီးတော့ နိုင်ငံရေးစည်းရုံးရေးကို မြန်မာလို သွားပြောတော့ ဘယ်သူမှနား မလည်ဘူး။ ဒါကြောင့်မို့လို့ စည်းရုံးရေးမှာတောင် ရှမ်းကိုယ်စားလှယ် သွားပြီးတော့ စည်းရုံးတယ်။ မကြိုစားလို့ မဟုတ်ဘူး ကြိုးစားပေမယ့် ရလဒ်မကောင်းတာ” လို့ ပြောဆိုခဲ့ပါတယ်။

အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013