DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦးခန့်နိုင်
DVB
·
April 2, 2017
ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦးခန့်နိုင်
Donate to DVB

မနေ့ကပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦး ထက်မနည်း အနိုင်ရခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

အန်အယ်လ်ဒီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ ခုအနက် ၁၈ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုရလဒ်အရ ထက်ဝက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲရလဒ်တချို့ကို အခု မနက် ၉ နာရီမှာ စတင်ကြေညာသွားခဲ့ပြီး ရန်ကုန်တိုင်းမှာ အန်အယ်လ်ဒီကိုယ်စားလှယ်အများစု အနိုင်ရရှိခဲ့ပါတယ်။

တံတားနာမည်ကိစ္စ အငြင်းပွားခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်း အနိုင်ရတယ်လို့ ကော်မရှင်က ကြေညာသွားပါတယ်။

ချောင်းဆုံမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်စိုးက တံတားနာမည်ပေးတဲ့ကိစ္စက ကြားဖြတ်ရွေးကောက်ပွဲအပေါ် တစုံတရာ သက်ရောက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။

“အဲ့ဒါလည်း အများကြီးအကျိုးသက်ရောက်မှု ရှိပါတယ်။ တံတားဆန္ဒပြတဲ့ကိစ္စက ဒေသခံတွေအတွက် အထင်အရှာဖြစ်သွားပြီး ဘယ်ဟာတွေ ပတ်သက်နေလဲဆိုတော့ မွန်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အဲ့ဒီပါတီတွေကို အာရုံစိုက်မိသွားတယ်။ အာရုံစိုက်မိသွားတယ်ဆိုတာက ဆိုးတာရော ကောင်းတာရော နှစ်ခုစလုံးပေါ့လေ၊ တဘက်မှာတော့ ပြည်ခိုင်ဖြိုးပါတီက သူ့ဟာနဲ့သူ အငြိမ်လေး ရှိနေတာပေါ့၊”

ချောင်းဆုံမြို့နယ်မှာ အနိုင်ရသွားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဟာ ဒေသခံတဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေလုပ်တဲ့အတွက် သူ့ကို လူပိုသိတာလည်း တကြောင်း ပါတယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီက၀င်ပြိုင်တဲ့ ချောင်းဆုံကိုယ်စားလှယ်ကို ဒေသခံ အန်အယ်လ်ဒီတွေက ကန့်ကွက်ခဲ့ဖူးပါတယ်။

ရှမ်းပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၈ ခုအနက် ၆ ခုလောက်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီကိုယ်စားလှယ်တွေ အနိုင်ရရှိနေတယ်လို့ ပါတီတွဲဘက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

“ရတဲ့စာရင်းအရတော့ ကျေးသီးက ၃ နေရာစလုံး ရပြီပေါ့လေ၊နိုင်ပြီပေါ့လေ၊ မိုင်းရှူးကတော့ တောင်ပေါ်စာရင်းလေးနည်းနည်းလေး ကျန်သေးတော့ ညက တညတော့ ကျနော်တို့ အသာရနေတဲ့သဘောပေါ့၊မိုင်းရှုးလည်း ၃ နေရာစလုံး။”

ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်များမှာ ကျားခေါင်းပါတီကိုယ်စားလှယ်တွေ အနိုင်ရနေတာဖြစ်ပြီး ကျိုင်းတုံမှာ ပြည်ခိုင်ဖြိုး၊ညောင်ရွှေမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တို့ အနိုင်ရပါတယ်။

လတ်တလောရရှိတဲ့သတင်းတွေအရ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ အာဏာရအန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၉ ဦး အနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီက ၂ဦး အနိုင်ရပါတယ်။

ရှမ်းဒီမိုကရေစီပါတီက ၆ ဦး၊ကယားပါတီက ၁ ဦးနဲ့ ရခိုင်ပါတီက ၁ ဦး အနိုင်ရရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013