DVB Logo
Home
မြန်မာသတင်း
ဥယျာဉ်ခြံ မီးရှို့ရာမှာ အဘိုးအိုတဦး မီးလောင်သေဆုံး
DVB
·
April 2, 2017
ဥယျာဉ်ခြံ မီးရှို့ရာမှာ အဘိုးအိုတဦး မီးလောင်သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အေးရွာသစ်ကျေးရွာမှာ ဧပြီ ၁ ရက်နေ့ မနက်က ဦးယျာဉ်ခြံအတွင်း မီးရှို့ရာမှ အဘိုးအိုတဦး မီးလောင်ကျွမ်း သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ က၀မြို့နယ် အေးရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ်ရှိ ဦးလှမြင့်ဟာ ဧပြီလ ၁ ရက်နေ့ မနက် စောစောက ဖလေးကျေးရွာအတွင်းရှိ သူရဲ့ဥယျာဉ်ခြံအတွင်း မီးသွားရှို့လိုက်ဦးမယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်ညိုကို ပြောဆိုပြီး ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၁၀ နာရီလောက်မှာ ဇနီးဖြစ်သူက ထမင်းချိုင့်လိုက်ပို့ရာ ခြံအတွင်း မီးခိုးတွေထွက်ပြီး မီးလောင်ကျွမ်းနေတာကို တွေ့ရတဲ့အတွက် ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းရာ ခြံအနီး နေထိုင်တဲ့ လူ ၂၀ လောက်အပါဝင် က၀မြို့မီးသက်တပ်ဖွဲ့တွေ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

အဲဒီနောက် တာဝန်ရှိသူတွေနဲ့ ရွာသူ/ရွာသားတွေ ပူးပေါင်းပြီး မီးလောင်ကျွမ်းတဲ့ နေရာကို လိုက်လံကြည့်ရှုရာ ဦးလှမြင့်ကို မီးလောင်ကျွမ်းသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အလောင်းကို က၀မြို့နယ် ပြည်သူ့ဆေးရုံပို့ဆောင်ပြီး က၀မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013