DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ကာကွယ်ရေးဘတ်ဂျက် ပိုတိုးရဟု စစ်တမ်းတွင်ဖော်ပြ
DVB
·
April 2, 2017
အစိုးရသစ်လက်ထက် ကာကွယ်ရေးဘတ်ဂျက် ပိုတိုးရဟု စစ်တမ်းတွင်ဖော်ပြ
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်လျှော့ချခြင်းမရှိဘဲ ပိုတိုးပေးခဲ့တယ်လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ရဲ့ စစ်တမ်းတရပ်က ဖော်ပြလိုက်ပါတယ်။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့နှင့် မြန်မာ့မဟာဗျူဟာလေ့လာရေးစင်တာတို့ ပူးပေါင်းထုတ်ဝေတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို လေ့လာတဲ့ စာတမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“၂၀၁၇-၁၈ ဘဏာရေးနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော လွှတ်တော်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းသော ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်ရွေ လျှော့ချမှုများ ပြုလုပ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့တွင်မူ အဆိုပါခန့်မှန်းမှုများအတိုင်း ဖြစ်လာခဲ့ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ဦးသိန်းစိန်အစိုးရ သတ်မှတ်ထားခဲ့သည့် ပမာဏထက် တိုးပေးခဲ့သလို ဒီဇင်ဘာလတွင်လည်း နောက်တိုးထပ်မံတောင်းခံငွေကို အတည်ပြုခဲ့သည်။ ယခုအခါတွင်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို တင်ပြလာသည့်အတိုင်း အနည်းငယ်သာစိစစ်၍ အတည်ပြုပေးခဲ့သည်ကို လေ့လာ တွေ့ရှိခဲ့ရသည်။”

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အတွက် ကျပ်သန်း ၁၆၅၅.၄၃၆ တင်ပြတောင်းခံခဲ့ပြီး လွှတ်တော်က ၁ ဘီလီယံပဲ စိစစ်လျှော့ချကာ ၁၆၅၄.၄၃၆ ဘီလီယံ ခွင့်ပြုခဲ့ပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၂၅၀.၈၆၅ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လုံးဝ အဖြတ်အတောက်မရှိဘဲ ခွင့်ပြုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှာ စက်ပစ္စည်း အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ တကောင်းစာတမ်းမှာ ဖော်ပြထားပြီး ဒီထဲ စစ်လက်နက်ဝယ်ယူဖို့ ပါဝင်ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်အများဆုံးရရှိပြီး သူ့နောက်မှာ လျှပ်စစ်နဲ့စွမ်းအင်၊ကာကွယ်ရေး၊ ပညာရေးတို့ အစဉ်လိုက် ရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013